Friday, May 29, 2009

လေလွင့်ငှက်ရဲ့ အိုင်ကျူ

လေလွင့်ငှက်ရဲ့ အိုင်ကျူ

လွမ်းမိတယ်
နာကျည်းမှုတွေ စားသုံးရင်း
လူဖြစ်ရှုံးခဲ့တာတွေ...။

သိပ်လှတယ်
မုသာဝါဒခါးခါးရဲ့
စိတ်ထားယုတ်ညံ့ပုံတွေ...။

ရှက်မိတယ်
အဲဒီ အလှတရားမှာ
လွမ်းဖျားဖျားခဲ့ရတာလေ......။