Thursday, June 25, 2009

သူငယ်ချင်းတစ်ယောက်သို့

သူငယ်ချင်းတစ်ယောက်သို့

သက်ပြင်းဆိုတာ
လက်ငင်းအိုစာတဲ့အရာ
ငါ သက်ပြင်းမချချင်ဘူး....။

လိပ်ပြာသန့်စွာ
မင်းအနားကို ငါလာခဲ့တာပါ....
ရယူလိုမှုမပါ
ပိုင်ဆိုင်လိုမှု ဗလာ...
သံယောဇဉ် သက်သက်
အဖြူရောင် သက်သက်.....။

ငါ မရှိတဲ့အခါ
မင်းသိမှာပါ....ငါဟာ
ဘုရားပေးတဲ့သူငယ်ချင်းတစ်ယောက်ဆိုတာ......။

ဘဝဆိုတာ
သုခအိပ်မက်
ဒုက္ခရေပွက်.......။