Saturday, August 29, 2009

ကြေကွဲချိန်....သူစင်ကြယ်+မိုးဇက်


Find more videos like this on PYAY GTI

ကြေကွဲချိန်....

melody & words သူစင်ကြယ် . . .
music arrangement by မိုးဇက်
director myomin. . . .
ဇမ္ဗူ မဏ္ဍိုင် Studio

ရာသီအိုရဲ့ တိမ်တိုက်တို့

မှုန်ရီ ပြာဝေ ကြေကွဲနေ.....

ပြန်လိုချင်တယ် အရင်အတိတ်တို့

ပျော်ရွှင်စရာ အိမ်ငယ်လေးရယ်....

ယိမ်းထိုးကခုန်ဆဲ

အပြာရောင်ပိုက်ကွန်ထဲက

မြို့ပြညရယ်....

ဝိုးတဝါး အသိခက်ဆဲ

ယာယီ အတွေးအခေါ်များနဲ့

ငါ့ရဲ့ဘဝရယ်....

ကြိုးစားထားခဲ့သမျှ ဘယ်မလဲ

ငါမသိနိုင်တော့ဘူး....

ရူးသွပ်ခဲ့ အိပ်မက်တွေလဲ

ပြန်မရနိုင်တော့ဘူး....

စိတ္တဇည အခန်းငယ်ထဲ

ငါ လက်မှိုင်ချရင်းရူး.....

ရင်ခုန်သံကို ပြန်ဆန်းစစ်

ယုံကြည်တာတွေ ပျောက်ဆုံးနေ

ဟိုအရင်အချိန်က ကောင်မလေးရယ်

ဘယ်အချိန် ပြန်လာမှာလဲကွယ်.....

ရုန်းထွက်မရနိုင်ခဲ့

ကိုယ်စီထားခဲ့ဖူးတဲ့

လွဲမှားအချစ်တွေ....

အဆုံးသတ် သွားချင်ခဲ့

တုန်ရီ လှိုက်ဖို သွေးပျက်

တို့ရဲ့ ညရယ်....

အားမာန်သီချင်း . . .သူစင်ကြယ်+မိုးဇက်


Find more videos like this on PYAY GTI


အားမာန်သီချင်း
melody & words သူစင်ကြယ် . . .
music arrangement by မိုးဇက်
director myomin. . . .
ဇမ္ဗူ မဏ္ဍိုင် Studio

လမ်းသစ်ကိုဖောက်ရင်း
ဒါဟာ လူ့ဘဝ လှပတယ်
အဆုံးသတ်ကို ကြိုတွေး
ယုံကြည်ချက်နဲ့ ဆက်လျှောက်မယ်
လာပါ သူငယ်ချင်း
လေဟုန်ကိုခွင်း
တောင်ပံများနဲ့ ရွက်လွှင့်ခြင်း.......။


စိတ်ဓာတ်တွေ မယိုင်မလဲ
ဒီလို ဇွဲနဲ့ ရှေ့ဆက်မယ်
အကောင်းဆုံးကိုသာတွေး
ရင်ဆိုင်ရဲရင့် ရမယ်ဟေ့....
ဆာလောင်မှုပြင်း
ဒီအောင်မြင်ခြင်း
လူငယ်များရဲ့ အားမာန်သီချင်း......။

အရှုံးမပေးနဲ့...မပေးနဲ့ သူငယ်ချင်း
ဆုံးဖြတ်လို့....စိတ်ဓာတ်နဲ့ ရှေ့ဆက်တိုး....သွားမယ်......။

ကျောင်းအလွမ်း...ကျွမ်းရင်ကွဲ

ကျောင်းအလွမ်း
ကျွမ်းရင်ကွဲ
ခွဲခဲ့ပြီ....။

ရာသီမိုး
တိုးတိတ်တိတ်
ကြိတ်မှိတ်ငို....။

မျက်ရည်စို
အိုမြည်တမ်း
လွမ်းရက်ရှည်....။

ကြာပြီမို့
ချို့တဲ့ချစ်
ပြစ်ဖြစ်လား....။

စာစီလို့
ဆို့တဲ့ရင်
နင်သိလား....။

မေ့မရဘူး

မေ့မရဘူး

ကြာခဲ့ပြီ
မေ့မရဘူး
အမေမရှိတဲ့ မြို့လေးဆီ
အဖေမရှိတဲ့ အိမ်လေးဆီ
မပြန်တာ ၆ နှစ်
ဘယ်ဆီမှာမှန်းမသိသေးတဲ့
ငါ့စိတ်ကူးအသိုးအယိတွေ
ငါရူးသွပ်တဲ့ အိပ်မက်အဟောင်းအနွမ်းတွေ
ခုထိတော့ သစ်နေဆဲလေ....

ဘာမှန်းမသိ အိုမင်းရင့်ရော်ခဲ့ပြီးနောက်
ဘာမှန်းမသိ လမ်းတွေ ဆက်လျှောက်နေရဆဲ
အိုကွယ်...လောကဓံရယ်...
ခဏတော့ နေအုံးကွယ်
နားပါအုံးကွယ်....
မင်းမောနေရော့မယ်...
ခဏလေးဖြစ်ဖြစ်
ငါ့ကို မေ့ထားပေးပါ....
လုပ်စရာလေးတွေ ရှိလို့....
မေ့မရတဲ့ အကြောင်းအရာတွေကို
ငါဖန်ဆင်းချင်လို့....
အဝေးမှာ မင်းနေပေးပါ....ခဏ......။