Monday, June 22, 2009

သံသရာအဆုံးထိ

ကဗျာတစ်ဖက်...ဇရာတစ်ဖက်
မီးစတစ်ဖက်...ရေမှုတ်တစ်ဖက်
သုခတစ်ဖက်...ဒုက္ခတစ်ဖက်
နှုတ်မရတဲ့ နောက်ကျောက ဓားဟာ မင်းပဲ....။

ငါထွက်သွားချင်တယ်....
ဒါပေမယ့်....ငါ ထွက်မသွားရက်ဘူး....
ငါမေ့ပစ်ချင်တယ်....
ဒါပေမယ့်....ငါ မေ့မရဘူး....။

သံသရာ အဆုံးထိ
ပြီးတော့ သံသရာ မဆုံးခင်ထိပေါ့.....။