ပျော်ပျော်နေ....
ဘဝပါးပါး
အပ်ဖျားတစ်ထောက်
မက်လောက်စရာမရှိ
ဗလာနတ္ထိ....။
ပျော်ပျော်သာနေ
မငိုလေနဲ့....
အကောင်းကိုတွေး
စိတ်မလေးနဲ့....
အမြင့်ကိုမှန်း
မမောပန်းနဲ့...
ခရီးကြမ်းကြမ်း
နင်မနွမ်းနဲ့....
ဘဝခါးခါး
သကြားကိုထည့်
မွှေပါကွယ့်.....။
ချစ်ခြင်းအားဖြင့်
သူစင်ကြယ်