Friday, July 3, 2009

မွေးနေ့ ဆုတောင်း

မိုင်တိုင်တွေကို ပြန်ကြည့်လိုက်တော့...
ဘာတွေ့လဲ သူငယ်ချင်း
ဘဝရဲ့ ဒိုင်ခွက်က ပြနေတာ
အသက် ဘယ်ရွေ့ ဘယ်မျှ.....
မင်းသိနေတာက မင်းမသိတာ
ဘဝက ဆန်းပြား.....
ခမ်းနားတဲ့ အတိတ်တွေ ရှိခဲ့လိမ့်မယ်
နွမ်းပါးတဲ့ အရိပ်တွေ သိခဲ့လိမ့်မယ်
လွမ်းသွားတဲ့ အိပ်မက်တွေ ပြည့်ခဲ့လိမ့်မယ်

အချိန်ဆိုတာ အကောင်းဆုံး မေ့ဆေးဆိုရင်
အကောင်းဆုံး အချိန်က ဘယ်ဆီမှာ....
အဟောင်းဆုံး တိမ်ရဲ့ ရာသီမှာ
စာစီကာ ငါရေး....
ဒီမွေးနေ့လေး လှပါစေ....။