Saturday, June 20, 2009

အမေ...မနက်ဖန်ဆိုရင်



အမေ...မနက်ဖန်ဆိုရင်

ရေး/ဆို.......သူစင်ကြယ်
ဂစ်တာ........မိုးဇက်

အမေ...မနက်ဖန်ဆိုရင်
သားပြန်ခဲ့ပါ့မယ်....
အလိုလိုက်လို့ သားမိုက်ဖြစ်ပြီလား
ဘဝကြမ်းထဲ မောဟိုက်နွမ်းနယ်ပြီးနောက်မှာ...
အမေ့ရင်ကို သားပြန်ခဲ့ပါ့မယ်......

အမေ...မနက်ဖန်ဆိုရင်
သားပြန်ခဲ့ပါ့မယ်....
လူဆိုးမို့ တိုးလို့ ချစ်သတဲ့လား
မှောင်မဲဘဝ မိုးသားကောင်းကင်ရဲ့အောက်မှာ...
အမေ့ရင်ကို သားပြန်ခဲ့ပါ့မယ်......

လှိုင်းကြမ်းများကို ဖြတ်လို့
ခွန်အားမဲ့တဲ့အချိန်တိုင်းမှာ
အမေ့ ရဲ့အနားမှာ ကျနော်မရှိခဲ့........
ဘဝရဲ့ ဒဏ်ချက်တွေ
ဆိုးရွားတဲ့ အနာဂတ်တွေ
အမေရဲ့ မျက်ရည် ကျနော်မသိခဲ့.......

အမေ...မနက်ဖန်ဆိုရင်
သားပြန်ခဲ့ပါ့မယ်....
အဖေမရှိတော့ စိတ်ထိခိုက်နေလား
အမေချစ်တဲ့ အဖေ့ရဲ့ သားမိုက်လေး ခု ကျနော်
အမေ့ကိုလေ လွမ်းငိုကြွေးမိနေ.........။

နှစ်စဉ် မေလရဲ့ ဒုတိယ တနင်္ဂနွေနေ့ဟာ အမေနေ့ ဖြစ်ပြီး....
နှစ်စဉ် ဇွန်လရဲ့တတိယ တနင်္ဂနွေနေ့ဟာ အဖေနေ့ ဖြစ်ပါတယ်....
ဒီနေ့ 21.06.09 Sun ဟာ အဖေနေ့ ပါ....
အဖေနေ့မှာ အမေသီချင်းလေးနဲ့ အဖေနဲ့အမေကို ကန်တော့ပါတယ်....
အထူးသဖြင့် အမေနှင့်ဝေးနေသော ... သားဆိုးများသို့ ရည်ရွယ်ပါတယ်....။