Sunday, May 31, 2009

သူစင်ကြယ် ဖြစ်ပေါ်လာပုံ

ကျနော် ကျောင်းသားဘဝမှာ....
တာရာမင်းဝေ ရဲ့ သင်နဲ့ နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည် ဆိုတဲ့ စာအုပ်လေးဖတ်မိပါတယ်....။
အဲဒီ ဝတ္ထုထဲက ဇာတ်ကောင်... 4 Dimension ကို ရှာဖွေတဲ့ ကောင်လေး... “သူစင်ကြယ်” ကို
ကျနော် အရမ်း ကြိုက်သွားခဲ့ပါတယ်....။
ဒါနဲ့ ကျနော် အင်တာနက် စာမျက်နှာတွေပေါ်မှာ စာရေးဖြစ်တဲ့အခါ....
ကျနော်ရဲ့ ကလောင် နာမည်ကို “သူစင်ကြယ်” ဆိုပြီး ပေးဖြစ်သွားတာပါ....။
မှတ်မှတ်ရရ 2007 ခုနှစ် ဒီဇင်ဘာလရဲ့ လူ့အခွင့်အရေးနေ့ မှာပေါ့....
တာရာမင်းဝေ ကို အရမ်းကြိုက်တဲ့ ကောင်လေးတစ်ယောက်ဟာ....
သူစင်ကြယ် ဆိုပြီး စာတွေစရေးခဲ့ပါတယ်....။

ဒီအတွက် ကွယ်လွန်သွားပြီ ဖြစ်တဲ့....
တာရာမင်းဝေ တဖြစ်လဲ နေဘုန်းလူ (ခေါ်) ကိုချစ်ညီညီ လဲ သဘောတူ ကျေနပ်လိမ့်မယ်လို့
ကျနော် ယုံကြည် ရူးသွပ်စွာ မျှော်လင့်ပါတယ်.....။

အကို ကောင်းရာ သုဂတိ ရောက်ပါစေ....လို့ ဆုတောင်းရင်း.....