Saturday, December 4, 2010

သား...



သား...

ချစ်သွေးတွေ တဖြန်းဖြန်းနဲ့....
သားဓာတ်ပုံကို နမ်းမိတယ်...

ကြယ်တွေကို ငေးရင်း...
သားနာမည်ကို ရေးရင်း....
မျိုးဆက်သစ်သီချင်းကို ဆိုညည်းရင်းပေါ့....

ဖေဖေ မအိပ်သေးဘူးလားလို့...
သားကများ မေးခဲ့ရင်....
ဒီညဟာ သားအတွက်ပေါ့လို့...
ရိုးရိုးလေး ဖြေချင်တယ်...

သားမေမေကို လွမ်းမဝသေးခင်...
သားက ဖေဖေ့ဘဝထဲ ဝင်လာခဲ့ပြီ...
ဖေဖေကလဲ ချစ်ရတာ ပျော်တယ်...
လွမ်းရတဲ့ အရသာကို ကြိုက်တယ်...

သားအဖနှစ်ယောက်ရဲ့ ဆက်သွယ်မှုက...
ဒီလောက်ထိ ကြီးကျယ် ခမ်းနားလိမ့်မယ်လို့...
အစက ဖေဖေ မသိခဲ့ဘူး...

သားဓာတ်ပုံမြင်တဲ့နေ့က...
နှလုံးသွေးတွေ တဆတ်ဆတ်တုန်...
ဖေဖေ့ရင်မှာ ကြယ်တွေစုံတယ်...

သားဟာ သားပဲဖြစ်ရမယ်...
ဖေဖေ့အတ္တ ကိုယ်ပွားမဖြစ်စေရဘူး...
သားဆန္ဒ...သားဝါသနာ...သားယုံကြည်ရာ အတိုင်း...
သားဟာ သားပဲ ဖြစ်တယ်...

ဖေဖေ့ဘဝ အနာဂတ်ရဲ့ လှပတဲ့ ကောင်းကင်မှာ...
သားက ကြယ်မင်းသားလေးပေါ့...

သားသမီးတိုင်းအတွက်...
မိဘတိုင်းဟာ ရူးတယ်...

ဖေဖေကတော့...
ဖေဖေ့ဘဝရဲ့ တန်ဖိုးအထားဆုံး လူသားတစ်ယောက်အဖြစ်...
ကြိုတင်မဲတွေ အများကြီးနဲ့....
သားကို ရွေးထားပြီးသား.......။

ဖေဖေ


သူစင်ကြယ်

Sunday, October 31, 2010

ချစ်ချစ်အတွက် ငါးပိချက်...

သူစင်ကြယ်တစ်ယောက် ထမင်းဟင်းမချက်တတ်တာ သူငယ်ချင်း တော်တော်များများ သိလေသည်...။
ကြက်ဥတောင် ဖြောင့်အောင် မကြော်တတ်...
ထမင်းတောင် ပေါင်းအိုးနဲ့မှ ချက်တတ်သူ...(ဒါတောင် တခါတလေ မနပ်...ဟီး)
ကျောင်းတုန်းက အတူနေသော သူငယ်ချင်း ထင်ကျော်ဆို အချက်အပြုတ်ကောင်းမှကောင်း...
ချက်တတ်ပြုတ်တတ်သော သူများကိုမြင်ရင် အားကျမိတာ အမှန်...။

ဒါပေမယ့် ကျနော့်ဘဝမှာ တစ်ခါတော့ ဟင်းချက်ဖူးလေသည်...
မဒီဝတ်မှုံကို ပိုးပန်းစဉ်က ဖြစ်သည်...
ဝတ်မှုံနဲ့ကျနော်က အဆောင်ချင်းကပ်ရက်....။

ဘယ်က ဘယ်လို စိတ်ကူးမိသည် မသိ.....
ဟင်းတစ်ခွက်ချက်ပြီး ဝတ်မှုံကို ပေးချင်နေမိသည်...
ဘာဟင်းမှလဲ မချက်တတ်....ဒုက္ခပါပဲ...
အမေ့ကို သတိရမိသည်...
အမေချက်ကျွေးသော ဟင်းပေါင်းမြောက်များစွာကို သတိရမိသည်...
အမေဟင်းချက်တုန်းက သေချာမကြည့်ထားမိတာ နောင်တရမိသည်...
ဘာမှ မချက်တတ်မပြုတ်တတ်တာ ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်မိသည်...
ဘာပဲဖြစ်ဖြစ် ချစ်ရသူအတွက် ဟင်းတစ်ခွက်တော့ ရအောင်ချက်မည်...
ကိုယ့်ကိုကိုယ် အားပေးရင်း ဟင်းတမယ်ရွေးခြယ်လိုက်မိသည်... မြေပဲငါးပိချက်...။

မီးဖိုရှေ့မှာ ချွေးတလုံးလုံးနဲ့ အလုပ်ရှုပ်နေသော ကျနော့်ကို အဆောင်ရှင် အပျိုကြီးက ရေလည်အံ့သြနေသည်...
ကျနော်ဟင်းချက်တာ သူတစ်ခါမှ မမြင်ဖူးပဲကိုး...
ကျနော်စားဖို့ချက်နေသည်ဟု ထင်ပုံရသည်...
ဟဲ့ကောင်လေး...ငါချက်ပေးမယ်..ဘေးဖယ်ဟု ဆိုသည်...(အပျိုကြီးများ ခက်သည်)
အသာနေစမ်းပါ...ဒွေးရယ်... ကျနော့်ဘာသာ ချက်ချင်လို့ပါ...(အပျိုကြီးကို တစ်ဆောင်လုံးက ဒွေးဟုခေါ်သည်...)
တတ်သလောက် မှတ်သလောက် ကြိုးစားချက်ခဲ့ရသော မြေပဲငါးပိချက်တစ်ခွက် ရလေပြီ...
စတီးဇလုံသေးသေးလေးထဲထည့်ကာ ချစ်သူအဆောင်ဘက်သို့ မျှော်လင့်ရင်ခုန်စွာ ကျနော်ထွက်လာခဲ့သည်...

ဝတ်မှုံရေ... ကျနော် ခေါ်လိုက်သည်...
ခဏနေတော့ ချစ်ရသောသူ ထွက်လာသည်....
နင်စားဖို့ ငါချက်လာတာ ဟုပြောပြီး ငါးပိချက်ဟင်းခွက်ကို ထိုးပေးလိုက်သည်...
ဝတ်မှုံက လှမ်းမယူပါ...
သူစိမ်းယောကျာင်္းလေးတစ်ယောက်ချက်တာ တစ်ခါမှ မစားဖူးဘူး...ပြန်ယူသွားပါဟုဆိုကာ အထဲပြန်ဝင်သွားသည်...

ကြိုးစားပန်းစားချက်ခဲ့ရသော ကျနော့်ဘဝရဲ့ ပထမဆုံးသော ဟင်းတစ်ခွက် ....
ချစ်ရသူ၏ ငြင်းပယ်မှုအောက်မှာ မျက်နှာငယ်စွာ...
မြေပဲငါးပိချက်ဟင်းခွက်လေးကိုင်ကာ ဝတ်မှုံတို့အဆောင်ရှေ့ခုံတန်းလေးမှာ ကျနော်ငိုင်နေမိသည်...
ရှက်စိတ် ဝမ်းနည်းစိတ်တွေနဲ့အတူ မျက်ရည်ကလည်လာသည်...
ဘယ်လောက်ကြာအောင် စောင့်လိုက်ရသည် မသိ....
ဝတ်မှုံ ပြန်ထွက်လာသည်...မျှော်လင့်တကြီး ကျနော် သူ့ကို မော့ကြည့်တော့...
ဒီတစ်ခါတော့ ယူလိုက်မယ်... နောက်တစ်ခါဆို မယူဘူးနော်ဟုဆိုသည်...
ဘာပဲဖြစ်ဖြစ် ကျနော်အရမ်းပျော်သွားသည်....ဟေးးး...ငါကွ...အဟီး

ညဘက် လက်ဖက်ရည်ဆိုင်သွားဖို့ သွားခေါ်တော့ အသေးလေးကို အဖော်ခေါ်ကာ သူလိုက်လာသည်...
ငါးပိချက်စားလို့ကောင်းလားဆိုတော့....ကုန်သွားပြီတဲ့....စားလို့ကောင်းတယ်တဲ့...

ဝတ်မှုံနဲ့ တစ်ဆောင်တည်းနေသော အသေးလေးတို့ သိဂီ င်္ကျော်ဝင်းတို့က ငါးပိချက်မစားလိုက်ရလို့ ကျနော့်ကို မကျေနပ်...
ဘာပဲဖြစ်ဖြစ် ကျနော်ချက်တဲ့ ငါးပိချက်... ချစ်သောသူက စားကောင်းသည်ဆိုလို့ ကျနော် ကျေနပ်သည်...

ဝတ်မှုံပြန်ပေးသော စတီးဇလုံလေးကို ပိုက်ကာ ပီတိဖြာနေတဲ့ ကျနော်အဆောင်ထဲအဝင်...
ဂလွမ်...ဂလွမ်...
လွတ်ကျသွားသော စတီးဇလုံနဲ့အတူ ဝတ်မှုံကို ကျနော်ဟင်းချက်ပြီး သွားပေးတာ အဆောင်ရှင်အပျိုကြီးသိသွားသည်...
အော်...လက်စသတ်တော့ ဒီလိုကိုး...ဒင်းက
အပျိုကြီးအတွက် ရပ်ကွက်ထဲ အတင်းတုပ်စရာ သတင်းတစ်ပုဒ်ရသွားခဲ့လေပြီသတည်း...။

ညီမလေးရေ.... (၂)

ဘဝမှာ လေပြည်ကိုချည်းပဲ မျှော်လင့်စရာ မလိုပါ...
မုန်တိုင်းမှာလဲ အောက်စီဂျင်ပါတယ်...(တာရာမင်းဝေ)

ခပ်ဝါးဝါး ခပ်ပါးပါး အိပ်မက်ရထားပေါ်...

မရေရာမှုတွေ အဖော်ခေါ်...

ပျော်ရွှင်ခြင်းက ကြောက်စရာအကောင်းဆုံး မေ့လျော့မှုတဲ့...
ဒါဆို ကိုယ့်ဂိုးကိုယ် မသွင်းမိစေနဲ့ ညီမလေး....

လတ်ဆတ်မှုတွေက လတ်ဆတ်နေတုန်းပါပဲ...
ပြိုင်မြင်းတွေကို ခေါက်ထားလိုက်...

လက်ကွက်မသိတော့ရင်...
ရင်ဘတ်နဲ့ တီးပေါ့...ရပါတယ် ညီမလေး...

ပြန်ထပ်သီအိုရီ ဆိုတာ တကယ်ရှိရင်...
ငါပြန်ချစ်မယ့်နေ့ကို မင်းပြန်ရအုံးမှာ....

ကဗျာမမီ စာမပီမဟုတ်ဘူး...
လမင်းဝလုံး ကျောက်သင်ပုန်းမဟုတ်ဘူး...
ပြီးတော့....
................မဟုတ်ဘူး...

မမျှော်လင့်ရဲရင် မျှော်လင့်...
ရင်မဆိုင်ရဲရင် ရင်ဆိုင်...
မလွမ်းရဲရင် လွမ်းလိုက်...

ကျောင်းတုန်းက ဆိုတာတွေ မေ့ထား...
ဘဝက အကောင်းဆုံး မင်းတက်ရမယ့် ကျောင်းကွယ့်...
ဒုက္ခဆိုတာ မင်းလုပ်ရမယ့် ပရက်တီကယ်...
အခက်အခဲဆိုတာက ကျူတိုရီရယ်သာသာ...

အဝတ်အစားလဲရုံနဲ့... လူတော်မဖြစ်တာ မင်းလဲ သိသားနဲ့...
ရေမွှေးအကောင်းစားက မင်းရဲ့သတင်းကို ပိုမွှေးစေမှာလား...
Sky Park မှာ ရေကူးရုံနဲ့ မင်းဘဝက ဖြူစင်သွားမှာလား...
အားမကျပါနဲ့ ညီမလေးရယ်......။

Wednesday, October 20, 2010

မျက်ဖြေ

ချစ်သူ....
ရစ်ပတ်ခဲ့ ပြီးမှ ဖြေလျော့ခဲ့ပြီလား...
နှောင်ဖွဲ့ခဲ့ပြီးမှ ရှောင်ထွက်ရက်ပြီလား...
အချစ်ကိုသိချိန်မှာ အရာအားလုံးဟာ နောက်ကျခဲ့ပါပြီ...

ချစ်သူ...
မျော်လင့်ခြင်းမီးအိမ်ကို ငြိမ်းသတ်လိုက်ပြီလား...
ရင်ခုန်သံပြူတင်းပေါက်ကို ပိတ်လိုက်ပြီလား...
ဝေးကွာခြင်းရဲ့ တေးသွားကို ညည်းတွားသီကျူးနေပြီလား...

ချစ်သူ...
ငါကတော့ ငါပဲမို့....
ချစ်တတ်လွန်းတာ ခက်နေလို့...
အိပ်ပျက်ညတွေနဲ့ ချစ်ခြင်းကို ပွေ့ဖက်လို့...
ဘဝရဲ့တစ်သက်စာ အလွမ်းများ ဆေးခြယ်လို့....
နေမဝင်အချစ်အင်ပါယာကို ထူထောင်လို့...

ချစ်သူ...
အရောင် အနံ့ အရသာ မတူတဲ့ ဘဝနှစ်ခုရဲ့ နောက်ကွယ်...
ချစ်ခြင်းနဲ့ ပေါင်းသင် သံယောဇဉ်နဲ့ ပျိုးထောင်ခဲ့ပြီးမှ...
နားလည်မှုရှိစွာ စိတ်တူကိုယ်တူ မြတ်နိုးခဲ့ပြီးမှ...
အရာရာကို စာနာဖေးမ နားလည်ခဲ့ပြီးမှ...
မဝေးချင်ခဲ့တာ အမှန်ပါ...

ချစ်သူ...
နားမဆန့်တဲ့ လှောင်ရယ်သံတွေကြား...
မင်းအားများငယ်နေရော့သလား...
တစ်ဖက်သတ် ထိုးနှက်တိုက်ခိုက်မှုတွေကြား...
မင်းနှလုံးသား ဗျာများနေခဲ့သလား...
ငါမင်းကို တွေ့ချင်တယ်..
မင်းလဲငါ့ကို တွေ့စေချင်တယ်...
ပြီးဆုံးရမယ်ဆိုရင်တောင်...မြင်လွှာနှစ်ခုရဲ့ ပေါင်းစည်းမှုအတိုင်းသာ...။

Thursday, October 14, 2010

နာဖျားတဲ့နေ့...

ချွေးစီးချွေးငွေ့တွေ တွဲလဲခို...
နဖူးစပ်ဆီက စတဲ့ ဖောက်ပြန်မှု...
ခေါင်းတွေတဆစ်ဆစ်..
အရိုးအကြောချဉ်ဆီတွေ ထုံကျင်လေးလံလို့...
အသက်မဝတဝ အဆုတ်အိမ်ဆီက အလွမ်းအပိုင်းအစ
ကိုယ်ပေါ်က ပြည်ဂျီတီအိုင် အကျီ င်္ အဟောင်းအနွမ်းလေးဆီ မို့လိုက် မောက်လိုက်...
မညီမညာ သက်ပြင်းတွေ တန်းစီချရင်း... မျက်ဝန်းတွေ တုန်ရီဝေဝါး...
သီချင်းအပိုင်းအစ...ကဗျာအပိုင်းအစ...
ဒဏ်ရာအပိုင်းအစ...ဘဝအပိုင်းအစ...
အဲဒီအပိုင်းအစတွေကြားမှာ
အပိုင်းအစတစ်ခုလို ငါရယ်...မျက်နှာငယ်ငယ် ငါ့ရဲ့ အလွမ်းတွေရယ်....
လူသူလေးပါးမသိ ငါ့ချစ်ခြင်းတွေရယ်... အားငယ်နေတဲ့ နှုတ်ခမ်းတစ်စုံရယ်...
နာဖျားတဲ့ ငါ့နှလုံးသားရယ်...
တိတ်တိတ်လေး... ပြီးတော့ ဆိတ်ဆိတ်လေး....
ကီးဘုတ်ပေါ်မှာ တရွတ်တိုက် သွေးရောင်မဲ့ လက်ချောင်းတွေ မောဟိုက်နွမ်းလျ...
ဝင်သက်ထွက်သက် ကစဉ့်ကလျား ဇီဝရုပ်ဖြစ်ပျက်မှု ဖြစ်စဉ်...
ဘီဒိုထဲက ငါ့ခြေထောက်တွေလဲ....မလှုပ်မယှက် ငြိမ်သက်လို့...
အလွမ်းတွန်သံ ကြားရပြီးနောက်....
လွမ်းရူးလွမ်းတန်းနဲ့ နာဖျားတဲ့နေ့...
ထပ်ရောက်လာခဲ့တယ်...။ ။

Wednesday, October 6, 2010

သန်းခေါင်ကျော်မှ ပြီးမယ်....

သန်းခေါင်ကျော်မှ ပြီးမယ်...
ဒီကဗျာက....။

ကွေးသောလက် မဆန့်မီ ဒီကဗျာကို ရေးခွင့်ပြုပါ...
ဆန့်သောလက် မကွေးမီ ဒီကဗျာကို ဖတ်ခွင့်ပြုပါ...
ဒဏ်ရာတွေ စိတ်မှာ မဆန့်လို့...
သံသရာတွေ လိပ်ပြာသန့်ဖို့....
သန်းခေါင်ကျော်မှ ပြီးမယ်...
ဒီကဗျာက....။

သန်းခေါင်မကျော်ခင်အထိတော့...
ဘဝတွေ မိန်းမောနေတုန်းမို့...
ဦးနှောက်တွေ နောက်ကျိနေတုန်းမို့...
မျက်ဝန်းတွေ ဝေဝါးနေတုန်းမို့...
သန်းခေါင်ကျော်အောင်တော့ စောင့်ပေးပါ...။

အချစ်မဟုတ်...အလွမ်းမဟုတ်ပါပဲ
ဘဝက ငုတ်တုပ်ကြီး...ဒီကဗျာထဲမှာ....။

သက်ပြင်းဗလာ...သေမင်းမပါပဲ
စစ်ခင်းကာ ပြိုင်ဆဲ...ဘဝ
ဒီပွဲက မပြီးသေးဘူး....ဒီကဗျာထဲမှာ....။

ခဲယမ်းမီးကျောက်မရှိ...
စွဲလန်းမီးတောက်မပါ...
တဏှာရေ ပူနွေး...တရားဓမ္မနဲ့ ဆေးမယ့် ဒီကဗျာ....
သန်းခေါင်ကျော်ကာမှ ပြီးမယ်....။

ဇရာရဲ့ နေညိုညိုရေချိုးဆိပ်....
မာယာရဲ့ လှောင်ရယ်သံ တံခါးမပိတ်မီ...
ဒီကဗျာက....
သန်းခေါင်ကျော်ကာမှ ပြီးမယ်လေ.....။ ။



ချစ်ခြင်းများစွာဖြင့်....

သူစင်ကြယ်

မိုးစက်ဖြူဖြူ...အလွမ်းဂူ

မိုးစက်ဖြူဖြူ...အလွမ်းဂူမှာ
ရွှေအိုရောင်အလွမ်းတွေ ခင်းကျင်းထားတယ်...
ခရမ်းရောင် အချစ်တွေ ပြသထားတယ်....

မိုးစက်ဖြူဖြူ...အလွမ်းဂူဟာ
အတ္တနဲ့ မျက်ရည်ကို ဆတူရောစပ်...
အဖိုးမဖြတ်နိုင်တဲ့ ဝင်သက်ထွက်သက်တိုင်း...
သွေးခြည်ဥတဲ့ နှလုံးသားတံတိုင်းမှာ...
ကျောခိုင်းကာဆွဲတဲ့ ပုံတူပန်းချီကားဖြစ်တယ်....

မိုးစက်ဖြူဖြူ...အလွမ်းဂူမှာ
နေလကြယ်ပြာ နက္ခတ်တာရာတွေမရှိဘူး...
မာနသိက္ခာ ငွေကြေးအာဏာတွေမရှိဘူး....
အလွမ်းတငွေ့ငွေ့ တမြေ့မြေ့လောင်ကျွမ်းနေတဲ့
ဖယောင်းတိုင်တစ်ချောင်းလို လူတစ်ယောက်ရှိတယ်...

မိုးစက်ဖြူဖြူ...အလွမ်းဂူဟာ
အလွမ်းတွေနဲ့ ရုပ်လုံးကြွနေတဲ့ ကမ္ဘာခုံးခုံးတစ်ခုဖြစ်တယ်...
ချစ်သူအန်ထုတ်တဲ့ ချစ်ခြင်းမေတ္တာတရားကို...
မြတ်နိုးယုယစွာ Recycle ပြန်လုပ်... အလွမ်းကဗျာတွေထုတ်တဲ့...
စက်မဟုတ်တဲ့ စိတ်ရုပ်လူသားဖြစ်တယ်...

မိုးစက်ဖြူဖြူ...အလွမ်းဂူဟာ
ရှင်သန်ခြင်းနဲ့ သေခြင်းတရား နှစ်ပင်လိမ်ထားတဲ့ ကြိုးတစ်ချောင်း ဖြစ်တယ်...
အမုန်းကို လေမှာခွင်း... အချစ်ကို ရင်မှာထွင်းတဲ့ ပန်းပုဆရာဖြစ်တယ်...

မှော်မဝင်ပေမယ့် တော်ဝင်တဲ့ အလွမ်းဂူ...
လူမသိ သူမသိ ချစ်သူမသိတဲ့ အလွမ်းဂူ...

အချစ်အတွက် အချစ်ကို ယဇ်ပူဇော်လို့...
အပြစ်နဲ့ အပြစ်ကို အဖြစ်အပျက်အသစ်လို မှတ်ယူလို့...

အဲဒီ မိုးစက်ဖြူဖြူ...အလွမ်းဂူဟာ...
အလွမ်းမီးတောက်တွေနဲ့ ခရီးရောက်နေတဲ့ ဘဝခရီးသည်တို့ နားခိုရာ...
စကြဝဠာတစ်ခုပမာ...ချစ်တတ်သူရဲ့ ဘယ်ဘက်ရင်အုံမှာ....။ ။




သူစင်ကြယ်

(3.10.10) 3:02 AM

Saturday, October 2, 2010

မျက်ရည်ချိန် ၃ လက်မ

နေရောင်ခြည်စွမ်းအင်နဲ့
ပိန်းပိတ်အောင် မှောင်တဲ့ ကောင်ပါ ချစ်သူ....
လရောင်ကို မော့ကြည့်တော့
မျက်ဝန်းမှာ မိုးတွေ ညို့တယ်....


အချစ်ကို စတင်တွေ့ရှိသူဟာ
ကိုလံဘတ်မဟုတ်မှန်း ...
လွမ်းရည်လူးတဲ့ ခုံတန်းလျားလေးသိတယ်.....


ကဗျာ အပုဒ် ၆၀၀...
မျက်ရည်ချိန် ၃ လက်မ
အိပ်မရတဲ့ ညတွေ
ညဉ့်ငှက်လို လေခဲ့မိတယ်...


ရာသီမရွေး မာနပန်သူမင်းနဲ့
ဗာလဆန်သူ ငါ....
ဘုရားကြီးရဲ့ အလယ်ပစ္စယံမှာ
လမ်းခွဲခဲ့ကြတယ်....


ပုံပြင်မဟုတ်တဲ့ ပုံပြင်တစ်ပုဒ်မှာ
မင်းဟာ ဘုရင်မ...ငါက ကျေးကျွန်.....
ပလက်တီနမ်ကို စိန်ကွပ်ချင်တဲ့ မင်းနဲ့....
အစာအိမ်ကို ဆွဲဆွဲချုံ့နေရတဲ့ငါ...
နဖူးစာ မင်ရည်ကျဲ...လွဲခဲ့ရပြီ....


မက်မော ရူးသွပ်စွာ
ငါ သောက်ခဲ့မိတဲ့ အဆိပ်ခွက်ဟာ....
သချာင်္စာအုပ် နောက်ကျောက
မင်းလက်ရေးလှလှလေးပါပဲ.....ချစ်သူရယ်...။

ဘယ်ဘက်ရင်အုံတစ်ခုအကြောင်းရေးထားတဲ့ ကဗျာ....


အလွမ်းတွေ သွေ့ခြောက်အက်ကွဲလို့ ဝေဝဲ...
ဘယ်ဘက်ရင်အုံကို ထိုးတဲ့ ဓါးတစ်လက်ဟာ...
ငါ့နတ်သမီး ပုံပြင်ထဲက မင်းပေါ့....

အဝါရောင်အဆိပ်တွေ သုတ်လိမ်းထားတဲ့....
ရယ်သံလိုလို ခြေသံခပ်ပြင်းပြင်း...
ဟင်းလင်းပြင်ငါ့ရင်ခွင်ကို တလှမ်းချင်း...

တစ်ကိုယ်တော်ဘဝကနေ...အထီးကျန်
နန်းကျဘုရင်လို...တိတ်ဆိတ်ငြိမ်သက်
အရိပ်...အရိပ်တွေရယ်...ပြုစား...
ဆုပ်ကိုင်စရာ ဘာများရှိနိုင်အုံးမလဲကွယ်...

တရားမစီရင်ခင်က...
ချစ်တယ်လို့ ပြောတဲ့စကား...
နားကြားများ မှားခဲ့လေရော့သလား...
(အကြိမ်ကြိမ်အခါခါ ငါကြားနေလို့ပါ....)

ကန်းနေတဲ့ လက်အစုံနဲ့...
ကမ်းခြေမရှိတဲ့ ဘယ်ဘက်ရင်အုံ...
သိရဲ့သားနဲ့ ...ရေမီးမစုံခဲ့ဘူး....

မှား
ပြီး
ရင်း
မှား
မှားမှန်းသိသားနဲ့...
ခေါင်းမာတဲ့ လေပြေဟာ...ငါပါ...
အချစ်အကြောင်းမပါပဲနဲ့...ကဗျာမရေးတတ်တော့တာ...
ငါ
ညံ့
လို့
ပါ
ချစ်
သူ
.
.
.


သူစင်ကြယ်

Monday, September 27, 2010

ညီမလေးရေ....

ညီမလေးရေ....

ဗီဒိုထဲထည့်ထားတဲ့ ငါ့ခြေထောက်တွေလဲ....အေးစက်တောင့်တင်းနေပါပြီ....

ညီမလေး မလာမှန်းသိရက်နဲ့...ကွန်ပျူတာရှေ့မှာ စောင့်နေခဲ့မိတာ....

မျက်ရည်ချိန်လက်မတွေ များများလာတော့...မိုးခေါင်ဖို့ ငါဆုတောင်းမိတာ...

သံယောဇဉ်က ခြွေတဲ့ မျက်ရည်... ပါးပြင်ပေါ် ပူနွေးလိမ့်ဆင်းကျလာတာ.... ငါမုန်းတယ်....

နှလုံးသွေးတွေ ဆူပွက်... ကယောက်ကယက်နဲ့ ငါ့စိတ် တေလေ...

အထီးကျန် အခန်းကျဉ်းထဲ... အဆိပ်ငွေ့
အိပ်ခန်းထဲက အကျဉ်းသားလို

ပုံ ရက် လဲ ကျ... တွန့်ကြေအဝတ်စ တစ်ခုလို ငါ...

ငါ့နှလုံးသားဟာ နွမ်းလျနေတယ်......မောဟိုက်နေတယ်...ဖျားနာနေတယ်...ညီမလေးရဲ့....

ငါနဲ့ စကားပြောတိုင်း...ခြေဖျားလက်ဖျားတွေ အေးစက်လာတယ်ဆိုတဲ့...ညီမလေးကိုလွမ်းတယ်...

ငါဘာပြောပြော နားထောင်ပေးတတ်တဲ့ ညီမလေးရဲ့ ရယ်သံလွင်လွင်လေးကို လွမ်းတယ်...

ငါပျော်ရင် ပြီးတာပါပဲ ဆိုတဲ့ ချစ်စရာကောင်းတဲ့ ညီမလေးစိတ်ကို လွမ်းတယ်....

ငါစိတ်ညစ်နေရင် ပြေရာပြေကြောင်းပြောပေးတတ်တဲ့....

ငါ့ကို အမြဲ အကောင်းမြင်တတ်တဲ့...

ငါ့ရဲ့စိတ်ကူးတွေက အမြဲကောင်းတာပဲလို့...ငါကျေနပ်အောင် နှစ်သိမ့်တတ်တဲ့...

ငါ့မျက်နှာပုံဆိုးပန်းဆိုးကို မူးတာတောင် လှလှလေး မူးတတ်တယ်လို့ ညာပြောတတ်တဲ့...

ညီမလေးကို ငါလွမ်းနေရပြီ...ညီမလေးရယ်......။ ။


သူ စင် ကြယ်

Sunday, September 19, 2010

နှလုံးသားစေတဲ့လမ်း....

ယုံကြည်ခြင်းရဲ့ မြစ်တစ်စင်း
ချစ်ခြင်းမေတ္တာရဲ့ အခင်းအကျင်း
ဖြူစင်ခြင်းရဲ့ သီချင်း....မင်း....။

မြတ်နိုးမှု မိုးရာသီထဲ မျက်ဝန်းတွေ ရွှဲရွှဲစို...
ကြွေကွဲခြင်းနဲ့ ဆုတ်ခွာခဲ့ရတဲ့ နှလုံးသား....
အရှုံးများစွာနဲ့ နေသားကျခဲ့ပေမယ့်....
ဒီအရှုံးက တစ်ဘဝစာ....။

မင်းဓာတ်ပုံလေးတွေ အလွမ်းပြေထိုင်ငေးရင်း...
မီးမှိတ်နေတဲ့ မင်းဂျီမေးအကောင့်လေးကို ကြည့်ငေးရင်း...
ငေးငိုင်နေမိတဲ့ ငါ....ငေးငိုင်နေရင်းနဲ့ ငါ....။

များများစားစားမရှိပေမယ့်...
ငါအမြဲဖတ်မိတဲ့ မင်းရဲ့စာလေးတွေ...
ချစ်တယ်ဆိုတဲ့ မင်းစကားသံလေးတွေ...
ငါ့အချစ်..ငါ့မေတ္တာကို လှောင်ပြောင်သရော်နေလေရဲ့ ကလေးရယ်....။

အိပ်မက်ကလွန်မြောက်ဖို့ ငါမကြိုးစားခဲ့မိဘူး...
ဦးနှောက်ကစေတဲ့လမ်းကို ငါမလှမ်းနိုင်ခဲ့ဘူး...
ကြေကွဲခံစား လွမ်းဖျားဖျားနေပေမယ့် ငါမမှုဘူး...
ရူးသိပ်မှုနွံထဲမှာ တစ်နေ့ထက်တစ်နေ့ နစ်လာခဲ့တာ...ငါကျေနပ်နေရဲ့.....။

Wednesday, September 15, 2010

တုန်ရီကြေကွဲ

အိပ်မက်ဟောင်းလေးအတိုင်း လျှောက်လာ...
ဖြူစင်တဲ့ မေတ္တာ...မင်းစကားသံကို ကြားဆဲ....

တံခါးပိတ်ထားတဲ့ အသည်းဆိုင်...
မယုံနိုင် စိမ်းကားထားရစ်သူ...
ခုတော့ ဘယ်မလဲ......မသိဘူးကွယ်....

ခဏပဲဖြစ်ဖြစ်ရတဲ့ မင်းအချစ်မိုးစက်တစ်ပေါက်.....
ငါ့နှလုံးသား ဟောင်းလောင်းပေါက်ဖြစ်ကာ....
ငါ့ဘဝမှာ စီးဆင်းနေအုံးမယ်...

ချစ်သူ...ချစ်သူ...
အိပ်မရညတွေရဲ့ ပိုင်ရှင်....သခင်မလေးရေ...
မခေါ်ပဲပစ်ခွာ....ဖော်မဲ့ဟသာင်္လို ဘဝမျိုး....
အလွမ်းအမျိုးမျိုးနဲ့ မိုးချုပ်နေဝင်...
မင်းမြင်နိုင်ပါ့မလားကွယ်...

သေချာတာတစ်ခုဟာ...
ဖြူစင်စွာ ချစ်ခဲ့... အထိန်းအကွပ်မဲ့ အကြင်နာဗလပွနဲ့
ဒဏ်ရာရ ဘယ်ဘက်ရင်အုံ....
တုန်ရီကြေကွဲ ငိုနေဆဲ ဆိုတာပါ....ချစ်သူ....။ ။

Monday, September 13, 2010

တစ်စစီ....

အလွမ်းပွင့်ဝေ ပန်းပွင့်ကြွေလမ်း
ကိုယ်စီလှမ်းလို့ လျှောက်ရပြီ....

အိပ်မက်တပိုင်း အိပ်မက်ရိုင်းလဲ
လှိုင်းထရင်ကွဲ လွဲရပြီ.....

ရှေ့တိုးမရ စိတ္တဇမို့
ရွှေရင်ဆို့ဆို့ ငိုရပြီ....

ပြိုမလိုလို ဆွေးရိပ်ပို
အလွမ်းစိုစို သည်းခဲ့ပြီ.....

ညှို့ညှို့မှိုင်းမှိုင်း နာကျင်တိုင်း
ဒီတံတိုင်းက ခြားခဲ့ပြီ.....

တစ်စစီလေ တစ်စစီ
ချစ်သူ့ပန်းချီ တစ်စစီ.....။ ။

သူစင်ကြယ်

Friday, September 10, 2010

ငြိမ်းချမ်းရေး တေးသံ

ငြိမ်းချမ်းရေး တေးသံ

သံလွင်ခက်နဲ့ ချိုးငှက်ကိုတဲ့ စေလိုက်တယ်...
စိတ်ဘဝင်ရွှင်လန်း ပျော်စမ်းတော့ကွယ်.....

ကျောက်ဆောင်လို ကိုယ့်စိတ်ကိုသွင်း...
ရူးမိုက်ခြင်းနဲ့ အတ္တကိုဖယ်...
၁၅၀၀ နယ်က ထွက်ခဲ့တယ်...

နာကျင်ခံစား အပြုံးများဆေးခြယ်...
အမုန်းများ ဘေးဖယ်....
အရှုံးများ ပေးမယ်...ကျေနပ်ကွယ်...

တန်ဖိုးထပ်တူထား
နှောင်ကြိုးမပြတ်သူအား....
ပြစ်များမယူ....
ချစ်သနားတော်မူပါ.....

သူငယ်ချင်း မက....
မောင်နှမ ဘဝကိုတဲ့ ယူပါ့မယ်...
ညီမငယ် ခင်ပျိုထွေး တွေးဆပျော်ဖွယ်....

အမိုက်မှောင်အထပ်ထပ်
ပိုင်းဖြတ်လို့ရယ် ထားခဲ့တယ်...
ပျော်ရွှင်ဖွယ်နေ့ရက်တို့ တမ်းတလျက်ကွယ်.....။ ။

သူစင်ကြယ်



Wednesday, September 8, 2010

ပဲတင့်သံ ကမ်းခြေ

..............ရေ.....
ခေါ်လိုက်တယ်....
ပဲတင့်သံသာကြားရ....
ထူးသံကို မကြားရဘူး....

ကမ်းခြေကို မြင်ရက်နဲ့....
ကမ်းကပ်ခွင့်မရှိတဲ့... သဘောင်္ဟာ ငါပါ....

အိပ်ပျက်ညဆိုးညများ....
ခါးသက်ကြေကွဲ... အိပ်မက်တွေ ငိုတယ်...

လူသူမသိ... ပူလောင်ခြောက်ကပ်...
ငါ့အသည်းတွေ မီးလိုပူ... ငရဲမီးလိုဆူတယ်...

ဖြူစင်မှုနဲ့ ... ပုံအောချစ်ခဲ့...
မျက်တောင်တောင် မခတ်ခဲ့မိဘူး...
ငါ့အချစ်ဟာ....

အပြောင်းအလဲများစွာနဲ့ ရင်မောပက်လက်....
မှားမှန်းသိရက်... လိုချင်ခဲ့မိတယ်...

ဘဝများစွာရှိခဲ့ရင် ငါဆုတောင်းတယ်...
အချစ်နဲ့ ကင်းလွတ်တဲ့သူ ဖြစ်ပါရစေလို့...
ချစ်ရတာ မောဟိုက်နွမ်းလျ...
ငါ့ရင်ဘတ်ကလေး......
နင်ဖတ်ပေးဖို့ ...စောင့်နေမယ်....။