Wednesday, October 20, 2010

မျက်ဖြေ

ချစ်သူ....
ရစ်ပတ်ခဲ့ ပြီးမှ ဖြေလျော့ခဲ့ပြီလား...
နှောင်ဖွဲ့ခဲ့ပြီးမှ ရှောင်ထွက်ရက်ပြီလား...
အချစ်ကိုသိချိန်မှာ အရာအားလုံးဟာ နောက်ကျခဲ့ပါပြီ...

ချစ်သူ...
မျော်လင့်ခြင်းမီးအိမ်ကို ငြိမ်းသတ်လိုက်ပြီလား...
ရင်ခုန်သံပြူတင်းပေါက်ကို ပိတ်လိုက်ပြီလား...
ဝေးကွာခြင်းရဲ့ တေးသွားကို ညည်းတွားသီကျူးနေပြီလား...

ချစ်သူ...
ငါကတော့ ငါပဲမို့....
ချစ်တတ်လွန်းတာ ခက်နေလို့...
အိပ်ပျက်ညတွေနဲ့ ချစ်ခြင်းကို ပွေ့ဖက်လို့...
ဘဝရဲ့တစ်သက်စာ အလွမ်းများ ဆေးခြယ်လို့....
နေမဝင်အချစ်အင်ပါယာကို ထူထောင်လို့...

ချစ်သူ...
အရောင် အနံ့ အရသာ မတူတဲ့ ဘဝနှစ်ခုရဲ့ နောက်ကွယ်...
ချစ်ခြင်းနဲ့ ပေါင်းသင် သံယောဇဉ်နဲ့ ပျိုးထောင်ခဲ့ပြီးမှ...
နားလည်မှုရှိစွာ စိတ်တူကိုယ်တူ မြတ်နိုးခဲ့ပြီးမှ...
အရာရာကို စာနာဖေးမ နားလည်ခဲ့ပြီးမှ...
မဝေးချင်ခဲ့တာ အမှန်ပါ...

ချစ်သူ...
နားမဆန့်တဲ့ လှောင်ရယ်သံတွေကြား...
မင်းအားများငယ်နေရော့သလား...
တစ်ဖက်သတ် ထိုးနှက်တိုက်ခိုက်မှုတွေကြား...
မင်းနှလုံးသား ဗျာများနေခဲ့သလား...
ငါမင်းကို တွေ့ချင်တယ်..
မင်းလဲငါ့ကို တွေ့စေချင်တယ်...
ပြီးဆုံးရမယ်ဆိုရင်တောင်...မြင်လွှာနှစ်ခုရဲ့ ပေါင်းစည်းမှုအတိုင်းသာ...။

1 comment:

  1. ချစ်ခြင်းနဲ့ ပေါင်းသင် သံယောဇဉ်နဲ့ ပျိုးထောင်ခဲ့ပြီးမှ...
    နားလည်မှုရှိစွာ စိတ်တူကိုယ်တူ မြတ်နိုးခဲ့ပြီးမှ...
    အရာရာကို စာနာဖေးမ နားလည်ခဲ့ပြီးမှ...
    မဝေးချင်ခဲ့တာ အမှန်ပါ...
    ကောင်းလိုက်တဲ့ စာသားနဲ့ ခံစားချက်လေး
    ချစ်သူကြားနိုင် သိနိုင်ပါစေ ...

    ReplyDelete