Thursday, August 5, 2010

ပြန်ခဲ့မည်....




တေးဆို - မိုးဇက် + စွမ်းထက်ဇော်
တေးရေး - သူစင်ကြယ်
ဒါရိုက်တာ - မောင်မျိုးမင်း
နေရာ - Fort Canning Park

မေ့ပြီလား....ဘဝတွေခြား
ဝေးလွင့်သွားတဲ့ ချစ်ဒဏ္ဍာရီ....
မရေရာတဲ့ ဘဝတစ်ခု မိုးလင်းခဲ့ရပြီ...
ပျောက်ရှသွားတဲ့ အနာဂတ်ဆီ....
ကိုယ်စီပျံသန်းရင်း ကျခဲ့တဲ့ မျက်ရည်...
ဆွံ့အသွားတဲ့ ဟိုအတိတ်ပန်းချီ....
မေ့ပြီလား....ဘဝတွေခြား
ဝေးလွင့်သွားတဲ့ ...ချစ်ဒဏ္ဍာရီ....
လောကဓံတရား ...လှိုင်းလေကြား
စုန်ဆန်လူးလွန့် ကူးခပ်ကာ...
ပြန်ခဲ့မည်...ပြန်ခဲ့မည်....။
ငွေဆိုတဲ့ စည်းခြား ဆုံးရှုံးခဲ့ရပြီ...
လွတ်လပ်ခြင်းနဲ့ အိမ်ဝေးပြီ...
အချိန်လွန်နောင်တနဲ့ တမ်းတတဲ့နေ့ဆီ....
မင်းဆီရောက်အောင် ပြန်ခဲ့မည်.....
မေ့ပြီလား....ဘဝတွေခြား
ဝေးလွင့်သွားတဲ့ ချစ်ဒဏ္ဍာရီ....
လောကဓံတရား ...လှိုင်းလေကြား
စုန်ဆန်လူးလွန့် ကူးခပ်ကာ...
ပြန်ခဲ့ပြီ...ပြန်ခဲ့ပြီ....။

Wednesday, December 23, 2009

ပျော်ပျော်နေ....

ဘဝပါးပါး
အပ်ဖျားတစ်ထောက်
မက်လောက်စရာမရှိ
ဗလာနတ္ထိ....။

ပျော်ပျော်သာနေ
မငိုလေနဲ့....

အကောင်းကိုတွေး
စိတ်မလေးနဲ့....

အမြင့်ကိုမှန်း
မမောပန်းနဲ့...

ခရီးကြမ်းကြမ်း
နင်မနွမ်းနဲ့....

ဘဝခါးခါး
သကြားကိုထည့်
မွှေပါကွယ့်.....။

ချစ်ခြင်းအားဖြင့်
သူစင်ကြယ်

Wednesday, December 16, 2009

မနက်ဖြန်တွေတိုင်းမှာ....

လှိုက်ဖိုရင်ခုန်ရင်း....ဒဏ္ဏာရီအတိုင်းထပ်တူ
ကြင်နာသူရဲ့ အနားမှာ ရှိချင်သူ.....

ဂုဏ်ဓနတွေမရှိလဲ....ဒီတစ်ယောက်တည်း ချစ်မယ်
ထာဝစဉ် မြတ်နိုးပါ့မယ်....ချစ်သူ

ကိုယ်တစ်ယောက်တည်း ဘဝမှာ
ပင်ပန်းလွန်းလို့ပါ....
ယုံကြည်စွာ ပေးဆပ်ချစ်နေသူ....

မင်းရင်ခွင်နဲ့ ထပ်တူ.... ရှိချင်တာပေါ့ တို့အတူ
မနက်ဖြန်တွေတိုင်းမှာ မင်းကို ရင်ခုန်နေမယ့် လူ....

ရယူနိုင်ခွင့်မရှိတောင်....ချစ်မယ် တို့အသည်းအသက်အတူ
အပြစ်အနာအဆာတွေ့တောင် မင်းကို ကြင်နာနေမယ့် သူ....

လှိုက်ဖိုရင်ခုန်ရင်းနဲ့...ပြန်ဆုံချင်လဲ ခုအခါ
တစ်မြေစီ တို့ဝေးကြပြီ.....ချစ်သူ

အဖော်မွန်ရယ် မရှိသူ....အားငယ်မောဟိုက်လှပြီ
ယုံကြည်စွာ မျှော်လင့်ထားသူ.....

စာကြွင်း.....

ဒီသီချင်းလေးက Wali အဖွဲ့ ရဲ့ Baik Baik Sayang ဆိုတဲ့ အင်ဒိုနီးရှားသီချင်းလေးကို
ကျနော် မြန်မာမှုပြုလိုက်ခြင်းဖြစ်ကြောင်းပါ....အကြောင်းအရာခြင်းတော့ မတူပါဘူး
မူရင်းက အရမ်းကို ကောင်းပါတယ်.....
ဆိုင်ကယ် Accident ဖြစ်ပြီး အောက်ပိုင်းသေသွားတဲ့ ချစ်သူကောင်မလေးကို...
တစ်သက်လုံး ကြင်နာယုယ စောင့်ရှောက်သွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ....
ကောင်လေးရင်ထဲမှာ.....အလိုချင်ဆုံး တစ်ခုက ကောင်မလေး ခြေထောက် ပြန်ကောင်းလာဖို့ပါ
အချိန်တိုင်းအနားမှာ နေပြီး ပြုစုပါ့မယ်လို့ တိုင်တည်ထားတဲ့ ချစ်ခြင်းဖွဲ့ သီချင်းလေးတစ်ပုဒ်ပါ....
ကျနော်ရဲ့ ပါရမီချို့တဲ့မှုကြောင့် မူရင်းကို မမီခဲ့ရင် ခွင့်လွှတ်ကြပါ သူငယ်ချင်းတို့.....

လေးစားစွာဖြင့်
သူစင်ကြယ်

Wednesday, September 16, 2009

ထာဝရ...

နယ်ကျွံမိတဲ့ အချစ်
သူငယ်ချင်းအဖြစ်ကို ငါမေ့သွား
ဒီလိုနဲ့ နင်ထွက်သွားသလား....


အဖြူရောင်က
တခါတလေကျတော့ ပူလောင်တယ်....


သမားရိုးကျ ခံစား
စကားတိုးလျ ချန်ထားပြီလားကွယ်....


နင်ပြောတော့ ထာဝရ
အဆင်မချောတော့ ပြာကျရပြီ....


လူတကာ လက်ညိုးထိုး
စူဇကာလို အချစ်မျိုးတဲ့လေ....


ဟားတိုက်လို့ ရယ်သံတွေထဲ
ကျားမိုက်သို့ ကျည်ဆံတွေဝဲပြီ....


ထာဝရ ခင်ခဲ့ပြီးမှ....ထာဝရ မုန်းသွားပေမယ့်
ထာဝရအရှုံးသမား ဆက်ချစ်နေဆဲ....


သူစင်ကြယ်

Thursday, September 3, 2009

ဝင်နီထိပ်က လရိပ်ပြာ

ဝင်နီထိပ်က လရိပ်ပြာ

ချစ်သူရယ်.....
မျှော်လင့်ခြင်းမီးအိမ်ကို ငြိမ်းသတ်မှာလား.....

ပန်းပွင့်လေးအတွက် သစ်ရွက်လေး ငိုနေဆဲ....
ရင်ခုန်သံနဲ့ဝေးရာမှာ မပွင့်ပါနဲ့လားကွယ်......

အလွှာခြားပေမယ့်...
ကမ္ဘာခြားနေတာမှ မဟုတ်တာ.....

နားနဲ့မရွေး ဖဝါးနဲ့ရွေးပြီး
နှလုံးသားမဲ့ ဝေးပြီလားကွယ်.....

တစ်ပွင့်ပန်းမို့ နမ်းချင်မိတယ်
အမြင့်မှန်းလို့ နွမ်းနေမိတယ်....ချစ်သူရယ်....

တစ်ခုပါပဲ
မင်းမွေးနေ့ကို password လုပ်ထားတဲ့ ငါ့ e mail account...
မဖွင့်ကြည့်နဲ့ကွယ်....
လူမသိ သူမသိ အလွမ်းတွေ ရှိတယ်.........။

သူငယ်ချင်းတစ်ယောက်အတွက်

Saturday, August 29, 2009

ကြေကွဲချိန်....သူစင်ကြယ်+မိုးဇက်


Find more videos like this on PYAY GTI

ကြေကွဲချိန်....

melody & words သူစင်ကြယ် . . .
music arrangement by မိုးဇက်
director myomin. . . .
ဇမ္ဗူ မဏ္ဍိုင် Studio

ရာသီအိုရဲ့ တိမ်တိုက်တို့

မှုန်ရီ ပြာဝေ ကြေကွဲနေ.....

ပြန်လိုချင်တယ် အရင်အတိတ်တို့

ပျော်ရွှင်စရာ အိမ်ငယ်လေးရယ်....

ယိမ်းထိုးကခုန်ဆဲ

အပြာရောင်ပိုက်ကွန်ထဲက

မြို့ပြညရယ်....

ဝိုးတဝါး အသိခက်ဆဲ

ယာယီ အတွေးအခေါ်များနဲ့

ငါ့ရဲ့ဘဝရယ်....

ကြိုးစားထားခဲ့သမျှ ဘယ်မလဲ

ငါမသိနိုင်တော့ဘူး....

ရူးသွပ်ခဲ့ အိပ်မက်တွေလဲ

ပြန်မရနိုင်တော့ဘူး....

စိတ္တဇည အခန်းငယ်ထဲ

ငါ လက်မှိုင်ချရင်းရူး.....

ရင်ခုန်သံကို ပြန်ဆန်းစစ်

ယုံကြည်တာတွေ ပျောက်ဆုံးနေ

ဟိုအရင်အချိန်က ကောင်မလေးရယ်

ဘယ်အချိန် ပြန်လာမှာလဲကွယ်.....

ရုန်းထွက်မရနိုင်ခဲ့

ကိုယ်စီထားခဲ့ဖူးတဲ့

လွဲမှားအချစ်တွေ....

အဆုံးသတ် သွားချင်ခဲ့

တုန်ရီ လှိုက်ဖို သွေးပျက်

တို့ရဲ့ ညရယ်....

အားမာန်သီချင်း . . .သူစင်ကြယ်+မိုးဇက်


Find more videos like this on PYAY GTI


အားမာန်သီချင်း
melody & words သူစင်ကြယ် . . .
music arrangement by မိုးဇက်
director myomin. . . .
ဇမ္ဗူ မဏ္ဍိုင် Studio

လမ်းသစ်ကိုဖောက်ရင်း
ဒါဟာ လူ့ဘဝ လှပတယ်
အဆုံးသတ်ကို ကြိုတွေး
ယုံကြည်ချက်နဲ့ ဆက်လျှောက်မယ်
လာပါ သူငယ်ချင်း
လေဟုန်ကိုခွင်း
တောင်ပံများနဲ့ ရွက်လွှင့်ခြင်း.......။


စိတ်ဓာတ်တွေ မယိုင်မလဲ
ဒီလို ဇွဲနဲ့ ရှေ့ဆက်မယ်
အကောင်းဆုံးကိုသာတွေး
ရင်ဆိုင်ရဲရင့် ရမယ်ဟေ့....
ဆာလောင်မှုပြင်း
ဒီအောင်မြင်ခြင်း
လူငယ်များရဲ့ အားမာန်သီချင်း......။

အရှုံးမပေးနဲ့...မပေးနဲ့ သူငယ်ချင်း
ဆုံးဖြတ်လို့....စိတ်ဓာတ်နဲ့ ရှေ့ဆက်တိုး....သွားမယ်......။

ကျောင်းအလွမ်း...ကျွမ်းရင်ကွဲ

ကျောင်းအလွမ်း
ကျွမ်းရင်ကွဲ
ခွဲခဲ့ပြီ....။

ရာသီမိုး
တိုးတိတ်တိတ်
ကြိတ်မှိတ်ငို....။

မျက်ရည်စို
အိုမြည်တမ်း
လွမ်းရက်ရှည်....။

ကြာပြီမို့
ချို့တဲ့ချစ်
ပြစ်ဖြစ်လား....။

စာစီလို့
ဆို့တဲ့ရင်
နင်သိလား....။

မေ့မရဘူး

မေ့မရဘူး

ကြာခဲ့ပြီ
မေ့မရဘူး
အမေမရှိတဲ့ မြို့လေးဆီ
အဖေမရှိတဲ့ အိမ်လေးဆီ
မပြန်တာ ၆ နှစ်
ဘယ်ဆီမှာမှန်းမသိသေးတဲ့
ငါ့စိတ်ကူးအသိုးအယိတွေ
ငါရူးသွပ်တဲ့ အိပ်မက်အဟောင်းအနွမ်းတွေ
ခုထိတော့ သစ်နေဆဲလေ....

ဘာမှန်းမသိ အိုမင်းရင့်ရော်ခဲ့ပြီးနောက်
ဘာမှန်းမသိ လမ်းတွေ ဆက်လျှောက်နေရဆဲ
အိုကွယ်...လောကဓံရယ်...
ခဏတော့ နေအုံးကွယ်
နားပါအုံးကွယ်....
မင်းမောနေရော့မယ်...
ခဏလေးဖြစ်ဖြစ်
ငါ့ကို မေ့ထားပေးပါ....
လုပ်စရာလေးတွေ ရှိလို့....
မေ့မရတဲ့ အကြောင်းအရာတွေကို
ငါဖန်ဆင်းချင်လို့....
အဝေးမှာ မင်းနေပေးပါ....ခဏ......။

Saturday, July 18, 2009

မဆူပါနဲ့ ဆရာ






မဆူပါနဲ့ ဆရာ...
တေးဆို မိုးဇက်+သူစင်ကြယ်

အိမ်စာတွေ မလုပ်မိတာ....မဆူပါနဲ့ ဆရာ
သူ့အကြောင်းကို တွေးရင်း မိုးလင်းသွားလို့ပါ....

ပရက်တီကယ် အမှားလုပ်တာ....မဆူပါနဲ့ ဆရာ
သူ့မျက်နှာငေးရင်း အရှိုက်ထိသွားလို့ပါ....

အာရုံမှာ ကပ်ငြိတာ....ညိုမျက်ဝန်းလွှာ
သံယောဇဉ်ကြိုးတင်း ချစ်မိသွားလို့ပါ....

မဆူပါနဲ့ ဆရာ...မဆူနဲ့ ဆရာ
ဆရာဆူတာ ဒီရင်အပူဟာ ပျောက်ပျက်မသွားနိုင်ပါ....
ဒီတစ်ယောက်တည်းပါ......ဒီတစ်ခါတည်းပါ....
ရင်ခုန်သံကို ခြေစုံကန်ကာ ပြေးထွက်မသွားနိုင်ပါ....

ဒိုင်ယာရီ အဟောင်းထဲမှာ....ကဗျာတွေ ရေးကာ
အိပ်မက်တွေလှပ စွဲလမ်းရူးသွပ်စွာ....

ရည်ရွယ်သူ မင်းကသာ....နေနိုင်လိုက်တာ
ချိုမျက်ရည် မီးပိတ် တိတ်တိတ်လွမ်းရတာ....

ဆရာဆူတာ သတိမရပါ....မဆူပါနဲ့ ဆရာ
စိတ်ကူးယဉ် တေးသီချင်း တိုးညှင်း လူးလွန့်ကာ....

သူစင်ကြယ်

(ဆရာရယ်...ကျနော်ရယ်...ပန်းကလေးရယ်...အတွက်)

Friday, July 3, 2009

မွေးနေ့ ဆုတောင်း

မိုင်တိုင်တွေကို ပြန်ကြည့်လိုက်တော့...
ဘာတွေ့လဲ သူငယ်ချင်း
ဘဝရဲ့ ဒိုင်ခွက်က ပြနေတာ
အသက် ဘယ်ရွေ့ ဘယ်မျှ.....
မင်းသိနေတာက မင်းမသိတာ
ဘဝက ဆန်းပြား.....
ခမ်းနားတဲ့ အတိတ်တွေ ရှိခဲ့လိမ့်မယ်
နွမ်းပါးတဲ့ အရိပ်တွေ သိခဲ့လိမ့်မယ်
လွမ်းသွားတဲ့ အိပ်မက်တွေ ပြည့်ခဲ့လိမ့်မယ်

အချိန်ဆိုတာ အကောင်းဆုံး မေ့ဆေးဆိုရင်
အကောင်းဆုံး အချိန်က ဘယ်ဆီမှာ....
အဟောင်းဆုံး တိမ်ရဲ့ ရာသီမှာ
စာစီကာ ငါရေး....
ဒီမွေးနေ့လေး လှပါစေ....။

Saturday, June 27, 2009

ပိုးဖလံလို အချစ်မျိုး


Find more videos like this on PYAY GTI


ဂစ်တာကိုတီးခတ်လိုက်တော့
သံစဉ်တွေဟာ မင်းလေးပဲပေါ့
ကျန်တာတွေ မသိဘူး
စိတ်မှာတကယ် ကြည်နူး
ရင်ခုန်သံ မမှန်ဘူး
လိပ်ပြာမလုံချင်ဘူး....။

ကြင်နာသူမင်းလေးအတွက်တော့
ဒီလူဟာ အရူးကြီးပဲပေါ့
စာနာတာမရှိဘူး
ငဲ့ညှာတာမသိဘူး
ရင်ခုန်သံ မယုံဘူး
မချစ်ချင်တော့ဘူး.....။

မင်းမရှိတဲ့ ငါ့ဘဝ
ဘယ်သူ့မှမသိဘူး
မင်းမသိတဲ့ ငါ့အချစ် ကွယ်ရာမှာ ငါရူး
ရှေ့ဆက်လို့လျှောက်လိုက်......

တကယ်ဆိုရင်တွေးကြည့်လိုက်တော့
အမှန်တကယ်ကိုပေါင်းစပ်မရတော့
ဒဏ္ဏာရီလို အဖြစ်မျိုး
မထိုက်တန်တဲ့ ဘဝဆိုး
ရင်နာစွာ ဆက်တိုး
ပိုးဖလံလိုအချစ်မျိုး.....။

Thursday, June 25, 2009

သူငယ်ချင်းတစ်ယောက်သို့

သူငယ်ချင်းတစ်ယောက်သို့

သက်ပြင်းဆိုတာ
လက်ငင်းအိုစာတဲ့အရာ
ငါ သက်ပြင်းမချချင်ဘူး....။

လိပ်ပြာသန့်စွာ
မင်းအနားကို ငါလာခဲ့တာပါ....
ရယူလိုမှုမပါ
ပိုင်ဆိုင်လိုမှု ဗလာ...
သံယောဇဉ် သက်သက်
အဖြူရောင် သက်သက်.....။

ငါ မရှိတဲ့အခါ
မင်းသိမှာပါ....ငါဟာ
ဘုရားပေးတဲ့သူငယ်ချင်းတစ်ယောက်ဆိုတာ......။

ဘဝဆိုတာ
သုခအိပ်မက်
ဒုက္ခရေပွက်.......။

Monday, June 22, 2009

သံသရာအဆုံးထိ

ကဗျာတစ်ဖက်...ဇရာတစ်ဖက်
မီးစတစ်ဖက်...ရေမှုတ်တစ်ဖက်
သုခတစ်ဖက်...ဒုက္ခတစ်ဖက်
နှုတ်မရတဲ့ နောက်ကျောက ဓားဟာ မင်းပဲ....။

ငါထွက်သွားချင်တယ်....
ဒါပေမယ့်....ငါ ထွက်မသွားရက်ဘူး....
ငါမေ့ပစ်ချင်တယ်....
ဒါပေမယ့်....ငါ မေ့မရဘူး....။

သံသရာ အဆုံးထိ
ပြီးတော့ သံသရာ မဆုံးခင်ထိပေါ့.....။

Saturday, June 20, 2009

အမေ...မနက်ဖန်ဆိုရင်



အမေ...မနက်ဖန်ဆိုရင်

ရေး/ဆို.......သူစင်ကြယ်
ဂစ်တာ........မိုးဇက်

အမေ...မနက်ဖန်ဆိုရင်
သားပြန်ခဲ့ပါ့မယ်....
အလိုလိုက်လို့ သားမိုက်ဖြစ်ပြီလား
ဘဝကြမ်းထဲ မောဟိုက်နွမ်းနယ်ပြီးနောက်မှာ...
အမေ့ရင်ကို သားပြန်ခဲ့ပါ့မယ်......

အမေ...မနက်ဖန်ဆိုရင်
သားပြန်ခဲ့ပါ့မယ်....
လူဆိုးမို့ တိုးလို့ ချစ်သတဲ့လား
မှောင်မဲဘဝ မိုးသားကောင်းကင်ရဲ့အောက်မှာ...
အမေ့ရင်ကို သားပြန်ခဲ့ပါ့မယ်......

လှိုင်းကြမ်းများကို ဖြတ်လို့
ခွန်အားမဲ့တဲ့အချိန်တိုင်းမှာ
အမေ့ ရဲ့အနားမှာ ကျနော်မရှိခဲ့........
ဘဝရဲ့ ဒဏ်ချက်တွေ
ဆိုးရွားတဲ့ အနာဂတ်တွေ
အမေရဲ့ မျက်ရည် ကျနော်မသိခဲ့.......

အမေ...မနက်ဖန်ဆိုရင်
သားပြန်ခဲ့ပါ့မယ်....
အဖေမရှိတော့ စိတ်ထိခိုက်နေလား
အမေချစ်တဲ့ အဖေ့ရဲ့ သားမိုက်လေး ခု ကျနော်
အမေ့ကိုလေ လွမ်းငိုကြွေးမိနေ.........။

နှစ်စဉ် မေလရဲ့ ဒုတိယ တနင်္ဂနွေနေ့ဟာ အမေနေ့ ဖြစ်ပြီး....
နှစ်စဉ် ဇွန်လရဲ့တတိယ တနင်္ဂနွေနေ့ဟာ အဖေနေ့ ဖြစ်ပါတယ်....
ဒီနေ့ 21.06.09 Sun ဟာ အဖေနေ့ ပါ....
အဖေနေ့မှာ အမေသီချင်းလေးနဲ့ အဖေနဲ့အမေကို ကန်တော့ပါတယ်....
အထူးသဖြင့် အမေနှင့်ဝေးနေသော ... သားဆိုးများသို့ ရည်ရွယ်ပါတယ်....။