ယုံကြည်ခြင်းရဲ့ မြစ်တစ်စင်း
ချစ်ခြင်းမေတ္တာရဲ့ အခင်းအကျင်း
ဖြူစင်ခြင်းရဲ့ သီချင်း....မင်း....။
မြတ်နိုးမှု မိုးရာသီထဲ မျက်ဝန်းတွေ ရွှဲရွှဲစို...
ကြွေကွဲခြင်းနဲ့ ဆုတ်ခွာခဲ့ရတဲ့ နှလုံးသား....
အရှုံးများစွာနဲ့ နေသားကျခဲ့ပေမယ့်....
ဒီအရှုံးက တစ်ဘဝစာ....။
မင်းဓာတ်ပုံလေးတွေ အလွမ်းပြေထိုင်ငေးရင်း...
မီးမှိတ်နေတဲ့ မင်းဂျီမေးအကောင့်လေးကို ကြည့်ငေးရင်း...
ငေးငိုင်နေမိတဲ့ ငါ....ငေးငိုင်နေရင်းနဲ့ ငါ....။
များများစားစားမရှိပေမယ့်...
ငါအမြဲဖတ်မိတဲ့ မင်းရဲ့စာလေးတွေ...
ချစ်တယ်ဆိုတဲ့ မင်းစကားသံလေးတွေ...
ငါ့အချစ်..ငါ့မေတ္တာကို လှောင်ပြောင်သရော်နေလေရဲ့ ကလေးရယ်....။
အိပ်မက်ကလွန်မြောက်ဖို့ ငါမကြိုးစားခဲ့မိဘူး...
ဦးနှောက်ကစေတဲ့လမ်းကို ငါမလှမ်းနိုင်ခဲ့ဘူး...
ကြေကွဲခံစား လွမ်းဖျားဖျားနေပေမယ့် ငါမမှုဘူး...
ရူးသိပ်မှုနွံထဲမှာ တစ်နေ့ထက်တစ်နေ့ နစ်လာခဲ့တာ...ငါကျေနပ်နေရဲ့.....။
Sunday, September 19, 2010
Wednesday, September 15, 2010
တုန်ရီကြေကွဲ
အိပ်မက်ဟောင်းလေးအတိုင်း လျှောက်လာ...
ဖြူစင်တဲ့ မေတ္တာ...မင်းစကားသံကို ကြားဆဲ....
တံခါးပိတ်ထားတဲ့ အသည်းဆိုင်...
မယုံနိုင် စိမ်းကားထားရစ်သူ...
ခုတော့ ဘယ်မလဲ......မသိဘူးကွယ်....
ခဏပဲဖြစ်ဖြစ်ရတဲ့ မင်းအချစ်မိုးစက်တစ်ပေါက်.....
ငါ့နှလုံးသား ဟောင်းလောင်းပေါက်ဖြစ်ကာ....
ငါ့ဘဝမှာ စီးဆင်းနေအုံးမယ်...
ချစ်သူ...ချစ်သူ...
အိပ်မရညတွေရဲ့ ပိုင်ရှင်....သခင်မလေးရေ...
မခေါ်ပဲပစ်ခွာ....ဖော်မဲ့ဟသာင်္လို ဘဝမျိုး....
အလွမ်းအမျိုးမျိုးနဲ့ မိုးချုပ်နေဝင်...
မင်းမြင်နိုင်ပါ့မလားကွယ်...
သေချာတာတစ်ခုဟာ...
ဖြူစင်စွာ ချစ်ခဲ့... အထိန်းအကွပ်မဲ့ အကြင်နာဗလပွနဲ့
ဒဏ်ရာရ ဘယ်ဘက်ရင်အုံ....
တုန်ရီကြေကွဲ ငိုနေဆဲ ဆိုတာပါ....ချစ်သူ....။ ။
ဖြူစင်တဲ့ မေတ္တာ...မင်းစကားသံကို ကြားဆဲ....
တံခါးပိတ်ထားတဲ့ အသည်းဆိုင်...
မယုံနိုင် စိမ်းကားထားရစ်သူ...
ခုတော့ ဘယ်မလဲ......မသိဘူးကွယ်....
ခဏပဲဖြစ်ဖြစ်ရတဲ့ မင်းအချစ်မိုးစက်တစ်ပေါက်.....
ငါ့နှလုံးသား ဟောင်းလောင်းပေါက်ဖြစ်ကာ....
ငါ့ဘဝမှာ စီးဆင်းနေအုံးမယ်...
ချစ်သူ...ချစ်သူ...
အိပ်မရညတွေရဲ့ ပိုင်ရှင်....သခင်မလေးရေ...
မခေါ်ပဲပစ်ခွာ....ဖော်မဲ့ဟသာင်္လို ဘဝမျိုး....
အလွမ်းအမျိုးမျိုးနဲ့ မိုးချုပ်နေဝင်...
မင်းမြင်နိုင်ပါ့မလားကွယ်...
သေချာတာတစ်ခုဟာ...
ဖြူစင်စွာ ချစ်ခဲ့... အထိန်းအကွပ်မဲ့ အကြင်နာဗလပွနဲ့
ဒဏ်ရာရ ဘယ်ဘက်ရင်အုံ....
တုန်ရီကြေကွဲ ငိုနေဆဲ ဆိုတာပါ....ချစ်သူ....။ ။
Monday, September 13, 2010
တစ်စစီ....
အလွမ်းပွင့်ဝေ ပန်းပွင့်ကြွေလမ်း
ကိုယ်စီလှမ်းလို့ လျှောက်ရပြီ....
အိပ်မက်တပိုင်း အိပ်မက်ရိုင်းလဲ
လှိုင်းထရင်ကွဲ လွဲရပြီ.....
ရှေ့တိုးမရ စိတ္တဇမို့
ရွှေရင်ဆို့ဆို့ ငိုရပြီ....
ပြိုမလိုလို ဆွေးရိပ်ပို
အလွမ်းစိုစို သည်းခဲ့ပြီ.....
ညှို့ညှို့မှိုင်းမှိုင်း နာကျင်တိုင်း
ဒီတံတိုင်းက ခြားခဲ့ပြီ.....
တစ်စစီလေ တစ်စစီ
ချစ်သူ့ပန်းချီ တစ်စစီ.....။ ။
သူစင်ကြယ်
ကိုယ်စီလှမ်းလို့ လျှောက်ရပြီ....
အိပ်မက်တပိုင်း အိပ်မက်ရိုင်းလဲ
လှိုင်းထရင်ကွဲ လွဲရပြီ.....
ရှေ့တိုးမရ စိတ္တဇမို့
ရွှေရင်ဆို့ဆို့ ငိုရပြီ....
ပြိုမလိုလို ဆွေးရိပ်ပို
အလွမ်းစိုစို သည်းခဲ့ပြီ.....
ညှို့ညှို့မှိုင်းမှိုင်း နာကျင်တိုင်း
ဒီတံတိုင်းက ခြားခဲ့ပြီ.....
တစ်စစီလေ တစ်စစီ
ချစ်သူ့ပန်းချီ တစ်စစီ.....။ ။
သူစင်ကြယ်
Friday, September 10, 2010
ငြိမ်းချမ်းရေး တေးသံ
ငြိမ်းချမ်းရေး တေးသံ
သံလွင်ခက်နဲ့ ချိုးငှက်ကိုတဲ့ စေလိုက်တယ်...
စိတ်ဘဝင်ရွှင်လန်း ပျော်စမ်းတော့ကွယ်.....
ကျောက်ဆောင်လို ကိုယ့်စိတ်ကိုသွင်း...
ရူးမိုက်ခြင်းနဲ့ အတ္တကိုဖယ်...
၁၅၀၀ နယ်က ထွက်ခဲ့တယ်...
နာကျင်ခံစား အပြုံးများဆေးခြယ်...
အမုန်းများ ဘေးဖယ်....
အရှုံးများ ပေးမယ်...ကျေနပ်ကွယ်...
တန်ဖိုးထပ်တူထား
နှောင်ကြိုးမပြတ်သူအား....
ပြစ်များမယူ....
ချစ်သနားတော်မူပါ.....
သူငယ်ချင်း မက....
မောင်နှမ ဘဝကိုတဲ့ ယူပါ့မယ်...
ညီမငယ် ခင်ပျိုထွေး တွေးဆပျော်ဖွယ်....
အမိုက်မှောင်အထပ်ထပ်
ပိုင်းဖြတ်လို့ရယ် ထားခဲ့တယ်...
ပျော်ရွှင်ဖွယ်နေ့ရက်တို့ တမ်းတလျက်ကွယ်.....။ ။
သူစင်ကြယ်
သံလွင်ခက်နဲ့ ချိုးငှက်ကိုတဲ့ စေလိုက်တယ်...
စိတ်ဘဝင်ရွှင်လန်း ပျော်စမ်းတော့ကွယ်.....
ကျောက်ဆောင်လို ကိုယ့်စိတ်ကိုသွင်း...
ရူးမိုက်ခြင်းနဲ့ အတ္တကိုဖယ်...
၁၅၀၀ နယ်က ထွက်ခဲ့တယ်...
နာကျင်ခံစား အပြုံးများဆေးခြယ်...
အမုန်းများ ဘေးဖယ်....
အရှုံးများ ပေးမယ်...ကျေနပ်ကွယ်...
တန်ဖိုးထပ်တူထား
နှောင်ကြိုးမပြတ်သူအား....
ပြစ်များမယူ....
ချစ်သနားတော်မူပါ.....
သူငယ်ချင်း မက....
မောင်နှမ ဘဝကိုတဲ့ ယူပါ့မယ်...
ညီမငယ် ခင်ပျိုထွေး တွေးဆပျော်ဖွယ်....
အမိုက်မှောင်အထပ်ထပ်
ပိုင်းဖြတ်လို့ရယ် ထားခဲ့တယ်...
ပျော်ရွှင်ဖွယ်နေ့ရက်တို့ တမ်းတလျက်ကွယ်.....။ ။
သူစင်ကြယ်
Wednesday, September 8, 2010
ပဲတင့်သံ ကမ်းခြေ
..............ရေ.....
ခေါ်လိုက်တယ်....
ပဲတင့်သံသာကြားရ....
ထူးသံကို မကြားရဘူး....
ကမ်းခြေကို မြင်ရက်နဲ့....
ကမ်းကပ်ခွင့်မရှိတဲ့... သဘောင်္ဟာ ငါပါ....
အိပ်ပျက်ညဆိုးညများ....
ခါးသက်ကြေကွဲ... အိပ်မက်တွေ ငိုတယ်...
လူသူမသိ... ပူလောင်ခြောက်ကပ်...
ငါ့အသည်းတွေ မီးလိုပူ... ငရဲမီးလိုဆူတယ်...
ဖြူစင်မှုနဲ့ ... ပုံအောချစ်ခဲ့...
မျက်တောင်တောင် မခတ်ခဲ့မိဘူး...
ငါ့အချစ်ဟာ....
အပြောင်းအလဲများစွာနဲ့ ရင်မောပက်လက်....
မှားမှန်းသိရက်... လိုချင်ခဲ့မိတယ်...
ဘဝများစွာရှိခဲ့ရင် ငါဆုတောင်းတယ်...
အချစ်နဲ့ ကင်းလွတ်တဲ့သူ ဖြစ်ပါရစေလို့...
ခေါ်လိုက်တယ်....
ပဲတင့်သံသာကြားရ....
ထူးသံကို မကြားရဘူး....
ကမ်းခြေကို မြင်ရက်နဲ့....
ကမ်းကပ်ခွင့်မရှိတဲ့... သဘောင်္ဟာ ငါပါ....
အိပ်ပျက်ညဆိုးညများ....
ခါးသက်ကြေကွဲ... အိပ်မက်တွေ ငိုတယ်...
လူသူမသိ... ပူလောင်ခြောက်ကပ်...
ငါ့အသည်းတွေ မီးလိုပူ... ငရဲမီးလိုဆူတယ်...
ဖြူစင်မှုနဲ့ ... ပုံအောချစ်ခဲ့...
မျက်တောင်တောင် မခတ်ခဲ့မိဘူး...
ငါ့အချစ်ဟာ....
အပြောင်းအလဲများစွာနဲ့ ရင်မောပက်လက်....
မှားမှန်းသိရက်... လိုချင်ခဲ့မိတယ်...
ဘဝများစွာရှိခဲ့ရင် ငါဆုတောင်းတယ်...
အချစ်နဲ့ ကင်းလွတ်တဲ့သူ ဖြစ်ပါရစေလို့...
ချစ်ရတာ မောဟိုက်နွမ်းလျ...
ငါ့ရင်ဘတ်ကလေး......
နင်ဖတ်ပေးဖို့ ...စောင့်နေမယ်....။
နင်ဖတ်ပေးဖို့ ...စောင့်နေမယ်....။
Monday, August 30, 2010
ချစ်တတ်လွန်းတာ ခက်တယ်....
ချစ်တတ်လွန်းတာ ခက်တယ်....
ငါသေရင် နှလုံးရောဂါနဲ့ သေမယ်...
ချစ်တတ်လွန်းတာ ခက်တယ်....
ခံစားရတာတွေ များလွန်းတော့...
ချစ်တတ်လွန်းတာ ခက်တယ်....
ငါ့မှာ ပုံစံမျိုးစုံနဲ့ အချစ်တွေရှိတော့...
ချစ်တတ်လွန်းတာ ခက်တယ်....
နားလည်ပါလို့လဲ မပြောချင်တော့...
ချစ်တတ်လွန်းတာ ခက်တယ်....
သံသရာကိုဆွဲဆန့်ကြည့်တော့...
ချစ်တတ်လွန်းတာ ခက်တယ်....
လေလွင့်ပိုးဖလံတွေကြားမှာ....
ချစ်တတ်လွန်းတာ ခက်တယ်....
ခဏလေးလာပြီး အကြာကြီးထွက်သွားတော့....
ချစ်တတ်လွန်းတာ ခက်တယ်....
ရွှေပြည်တော်လဲ မျှော်တိုင်းဝေးပေါ့....
ချစ်တတ်လွန်းတာ ခက်တယ်....
အချစ်ဆိုတာကလဲ ဆန်းကြယ်လွန်းတော့...
ချစ်တတ်လွန်းတာ ခက်တယ်....
ဘဝအိပ်မက် နရီပျက်တော့.....
ချစ်တတ်လွန်းတာ ခက်တယ်....
ငါကလဲ မမုန်းတတ်တော့....
ချစ်တတ်လွန်းတာ ခက်တယ်....
ဒါပေမယ့်လေ....
ချစ်တတ်လွန်းတာ ခက်တယ်....
ငါသေရင် နှလုံးရောဂါနဲ့ သေမယ်...
ချစ်တတ်လွန်းတာ ခက်တယ်....
ချစ်ခြင်းအားဖြင့်....
သူစင်ကြယ်
သောကြာနေ့မနက် ၁ နာရီ
ချစ်တတ်လွန်းတာ ခက်ပြီ....
27. 08. 10
ငါသေရင် နှလုံးရောဂါနဲ့ သေမယ်...
ချစ်တတ်လွန်းတာ ခက်တယ်....
ခံစားရတာတွေ များလွန်းတော့...
ချစ်တတ်လွန်းတာ ခက်တယ်....
ငါ့မှာ ပုံစံမျိုးစုံနဲ့ အချစ်တွေရှိတော့...
ချစ်တတ်လွန်းတာ ခက်တယ်....
နားလည်ပါလို့လဲ မပြောချင်တော့...
ချစ်တတ်လွန်းတာ ခက်တယ်....
သံသရာကိုဆွဲဆန့်ကြည့်တော့...
ချစ်တတ်လွန်းတာ ခက်တယ်....
လေလွင့်ပိုးဖလံတွေကြားမှာ....
ချစ်တတ်လွန်းတာ ခက်တယ်....
ခဏလေးလာပြီး အကြာကြီးထွက်သွားတော့....
ချစ်တတ်လွန်းတာ ခက်တယ်....
ရွှေပြည်တော်လဲ မျှော်တိုင်းဝေးပေါ့....
ချစ်တတ်လွန်းတာ ခက်တယ်....
အချစ်ဆိုတာကလဲ ဆန်းကြယ်လွန်းတော့...
ချစ်တတ်လွန်းတာ ခက်တယ်....
ဘဝအိပ်မက် နရီပျက်တော့.....
ချစ်တတ်လွန်းတာ ခက်တယ်....
ငါကလဲ မမုန်းတတ်တော့....
ချစ်တတ်လွန်းတာ ခက်တယ်....
ဒါပေမယ့်လေ....
ချစ်တတ်လွန်းတာ ခက်တယ်....
ငါသေရင် နှလုံးရောဂါနဲ့ သေမယ်...
ချစ်တတ်လွန်းတာ ခက်တယ်....
ချစ်ခြင်းအားဖြင့်....
သူစင်ကြယ်
သောကြာနေ့မနက် ၁ နာရီ
ချစ်တတ်လွန်းတာ ခက်ပြီ....
27. 08. 10
မျက်ရည်လည်တဲ့ကြယ်...
မျက်ရည်လည်တဲ့ကြယ်...
ကြယ်တွေမှာ နာမည်ရှိတယ်...
အဲဒီနေ့က ကြယ်ငိုနေတယ်...
မျက်ရည်တစ်စက်ရဲ့...ဒဏ္ဍာရီ...
ယုံကြည်မှုရဲ့...ဒိုင်ယာရီ....
ကိုယ့်ရဲ့ သက်တန့်ငယ်ရဲ့...အချစ်များဆီ...
ကြယ်ဟာ...ငိုတယ်...အဲဒီနေ့က...
♫ မိုးကောင်းကင်...အုံ့မှိုင်းနေတာ... ဒီမိုးရေတွေ...ရွာချပစ်ဖို့.......
ပင်လယ်ပြင်ရေလှိုင်းတွေက... လူတွေသုံးတဲ့...ဆားဖြစ်ဖို့.........
နင်နဲ့ငါ့ရဲ့ တံတိုင်းတွေက...တနေ့နေ့မှာ.. တံတားဖြစ်ဖို့..
အဲဒီလောက် ခိုင်းနှိုင်းနေတာ... ငါလေနင့်ကို တအားချစ်လို့.....
ငါအရမ်းကြိုက်တဲ့...သီချင်းစာသား...
ကြယ်ငိုနေတာ....ကြည့်ရက်လား...
တစ်ယောက်တည်းမှားခဲ့ပြီးမှ...
နှစ်ယောက်လုံးမှားဖို့... အချစ်ကို ခုတုံးလုပ်မိမှတော့...
ရင်ခုန်သံထပ်တူ...အပြစ်တစ်ခုကို ဖန်ဆင်းဖို့...
ငါတို့ရှေ့ဆက်ရအောင်ပါ...ချစ်သူ...
အတားအဆီး...အနီးအဝေး...ခရီးတစ်ခု... ဘဝမီးအိမ်
မှားပြီးရင်းဝေး... ကတိတစ်ခု... ဇရာနီးချိန်....
ဘယ်သူတွေဘာတွေ ပြောပါစေ....ကွယ်....
အချစ်ရောင်စဉ်များရေးခြယ်....ကိုယ့်ရဲ့ သက်တန့်ငယ်........။
သူစင်ကြယ်....
(ကိုယ့်ရဲ့ သက်တန့်ငယ်သီချင်းကို...ခံစားရေးဖွဲ့သည်.....)
ကြယ်တွေမှာ နာမည်ရှိတယ်...
အဲဒီနေ့က ကြယ်ငိုနေတယ်...
မျက်ရည်တစ်စက်ရဲ့...ဒဏ္ဍာရီ...
ယုံကြည်မှုရဲ့...ဒိုင်ယာရီ....
ကိုယ့်ရဲ့ သက်တန့်ငယ်ရဲ့...အချစ်များဆီ...
ကြယ်ဟာ...ငိုတယ်...အဲဒီနေ့က...
♫ မိုးကောင်းကင်...အုံ့မှိုင်းနေတာ... ဒီမိုးရေတွေ...ရွာချပစ်ဖို့.......
ပင်လယ်ပြင်ရေလှိုင်းတွေက... လူတွေသုံးတဲ့...ဆားဖြစ်ဖို့.........
နင်နဲ့ငါ့ရဲ့ တံတိုင်းတွေက...တနေ့နေ့မှာ.. တံတားဖြစ်ဖို့..
အဲဒီလောက် ခိုင်းနှိုင်းနေတာ... ငါလေနင့်ကို တအားချစ်လို့.....
ငါအရမ်းကြိုက်တဲ့...သီချင်းစာသား...
ကြယ်ငိုနေတာ....ကြည့်ရက်လား...
တစ်ယောက်တည်းမှားခဲ့ပြီးမှ...
နှစ်ယောက်လုံးမှားဖို့... အချစ်ကို ခုတုံးလုပ်မိမှတော့...
ရင်ခုန်သံထပ်တူ...အပြစ်တစ်ခုကို ဖန်ဆင်းဖို့...
ငါတို့ရှေ့ဆက်ရအောင်ပါ...ချစ်သူ...
အတားအဆီး...အနီးအဝေး...ခရီးတစ်ခု... ဘဝမီးအိမ်
မှားပြီးရင်းဝေး... ကတိတစ်ခု... ဇရာနီးချိန်....
ဘယ်သူတွေဘာတွေ ပြောပါစေ....ကွယ်....
အချစ်ရောင်စဉ်များရေးခြယ်....ကိုယ့်ရဲ့ သက်တန့်ငယ်........။
သူစင်ကြယ်....
(ကိုယ့်ရဲ့ သက်တန့်ငယ်သီချင်းကို...ခံစားရေးဖွဲ့သည်.....)
Thursday, August 5, 2010
ပြန်ခဲ့မည်....
တေးဆို - မိုးဇက် + စွမ်းထက်ဇော်
တေးရေး - သူစင်ကြယ်
ဒါရိုက်တာ - မောင်မျိုးမင်း
နေရာ - Fort Canning Park
မေ့ပြီလား....ဘဝတွေခြား
ဝေးလွင့်သွားတဲ့ ချစ်ဒဏ္ဍာရီ....
မရေရာတဲ့ ဘဝတစ်ခု မိုးလင်းခဲ့ရပြီ...
ပျောက်ရှသွားတဲ့ အနာဂတ်ဆီ....
ကိုယ်စီပျံသန်းရင်း ကျခဲ့တဲ့ မျက်ရည်...
ဆွံ့အသွားတဲ့ ဟိုအတိတ်ပန်းချီ....
မေ့ပြီလား....ဘဝတွေခြား
ဝေးလွင့်သွားတဲ့ ...ချစ်ဒဏ္ဍာရီ....
လောကဓံတရား ...လှိုင်းလေကြား
စုန်ဆန်လူးလွန့် ကူးခပ်ကာ...
ပြန်ခဲ့မည်...ပြန်ခဲ့မည်....။
ငွေဆိုတဲ့ စည်းခြား ဆုံးရှုံးခဲ့ရပြီ...
လွတ်လပ်ခြင်းနဲ့ အိမ်ဝေးပြီ...
အချိန်လွန်နောင်တနဲ့ တမ်းတတဲ့နေ့ဆီ....
မင်းဆီရောက်အောင် ပြန်ခဲ့မည်.....
မေ့ပြီလား....ဘဝတွေခြား
ဝေးလွင့်သွားတဲ့ ချစ်ဒဏ္ဍာရီ....
လောကဓံတရား ...လှိုင်းလေကြား
စုန်ဆန်လူးလွန့် ကူးခပ်ကာ...
ပြန်ခဲ့ပြီ...ပြန်ခဲ့ပြီ....။
Wednesday, December 23, 2009
Wednesday, December 16, 2009
မနက်ဖြန်တွေတိုင်းမှာ....
လှိုက်ဖိုရင်ခုန်ရင်း....ဒဏ္ဏာရီအတိုင်းထပ်တူ
ကြင်နာသူရဲ့ အနားမှာ ရှိချင်သူ.....
ဂုဏ်ဓနတွေမရှိလဲ....ဒီတစ်ယောက်တည်း ချစ်မယ်
ထာဝစဉ် မြတ်နိုးပါ့မယ်....ချစ်သူ
ကိုယ်တစ်ယောက်တည်း ဘဝမှာ
ပင်ပန်းလွန်းလို့ပါ....
ယုံကြည်စွာ ပေးဆပ်ချစ်နေသူ....
မင်းရင်ခွင်နဲ့ ထပ်တူ.... ရှိချင်တာပေါ့ တို့အတူ
မနက်ဖြန်တွေတိုင်းမှာ မင်းကို ရင်ခုန်နေမယ့် လူ....
ရယူနိုင်ခွင့်မရှိတောင်....ချစ်မယ် တို့အသည်းအသက်အတူ
အပြစ်အနာအဆာတွေ့တောင် မင်းကို ကြင်နာနေမယ့် သူ....
လှိုက်ဖိုရင်ခုန်ရင်းနဲ့...ပြန်ဆုံချင်လဲ ခုအခါ
တစ်မြေစီ တို့ဝေးကြပြီ.....ချစ်သူ
အဖော်မွန်ရယ် မရှိသူ....အားငယ်မောဟိုက်လှပြီ
ယုံကြည်စွာ မျှော်လင့်ထားသူ.....
စာကြွင်း.....
ဒီသီချင်းလေးက Wali အဖွဲ့ ရဲ့ Baik Baik Sayang ဆိုတဲ့ အင်ဒိုနီးရှားသီချင်းလေးကို
ကျနော် မြန်မာမှုပြုလိုက်ခြင်းဖြစ်ကြောင်းပါ....အကြောင်းအရာခြင်းတော့ မတူပါဘူး
မူရင်းက အရမ်းကို ကောင်းပါတယ်.....
ဆိုင်ကယ် Accident ဖြစ်ပြီး အောက်ပိုင်းသေသွားတဲ့ ချစ်သူကောင်မလေးကို...
တစ်သက်လုံး ကြင်နာယုယ စောင့်ရှောက်သွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ....
ကောင်လေးရင်ထဲမှာ.....အလိုချင်ဆုံး တစ်ခုက ကောင်မလေး ခြေထောက် ပြန်ကောင်းလာဖို့ပါ
အချိန်တိုင်းအနားမှာ နေပြီး ပြုစုပါ့မယ်လို့ တိုင်တည်ထားတဲ့ ချစ်ခြင်းဖွဲ့ သီချင်းလေးတစ်ပုဒ်ပါ....
ကျနော်ရဲ့ ပါရမီချို့တဲ့မှုကြောင့် မူရင်းကို မမီခဲ့ရင် ခွင့်လွှတ်ကြပါ သူငယ်ချင်းတို့.....
လေးစားစွာဖြင့်
သူစင်ကြယ်
ကြင်နာသူရဲ့ အနားမှာ ရှိချင်သူ.....
ဂုဏ်ဓနတွေမရှိလဲ....ဒီတစ်ယောက်တည်း ချစ်မယ်
ထာဝစဉ် မြတ်နိုးပါ့မယ်....ချစ်သူ
ကိုယ်တစ်ယောက်တည်း ဘဝမှာ
ပင်ပန်းလွန်းလို့ပါ....
ယုံကြည်စွာ ပေးဆပ်ချစ်နေသူ....
မင်းရင်ခွင်နဲ့ ထပ်တူ.... ရှိချင်တာပေါ့ တို့အတူ
မနက်ဖြန်တွေတိုင်းမှာ မင်းကို ရင်ခုန်နေမယ့် လူ....
ရယူနိုင်ခွင့်မရှိတောင်....ချစ်မယ် တို့အသည်းအသက်အတူ
အပြစ်အနာအဆာတွေ့တောင် မင်းကို ကြင်နာနေမယ့် သူ....
လှိုက်ဖိုရင်ခုန်ရင်းနဲ့...ပြန်ဆုံချင်လဲ ခုအခါ
တစ်မြေစီ တို့ဝေးကြပြီ.....ချစ်သူ
အဖော်မွန်ရယ် မရှိသူ....အားငယ်မောဟိုက်လှပြီ
ယုံကြည်စွာ မျှော်လင့်ထားသူ.....
စာကြွင်း.....
ဒီသီချင်းလေးက Wali အဖွဲ့ ရဲ့ Baik Baik Sayang ဆိုတဲ့ အင်ဒိုနီးရှားသီချင်းလေးကို
ကျနော် မြန်မာမှုပြုလိုက်ခြင်းဖြစ်ကြောင်းပါ....အကြောင်းအရာခြင်းတော့ မတူပါဘူး
မူရင်းက အရမ်းကို ကောင်းပါတယ်.....
ဆိုင်ကယ် Accident ဖြစ်ပြီး အောက်ပိုင်းသေသွားတဲ့ ချစ်သူကောင်မလေးကို...
တစ်သက်လုံး ကြင်နာယုယ စောင့်ရှောက်သွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ....
ကောင်လေးရင်ထဲမှာ.....အလိုချင်ဆုံး တစ်ခုက ကောင်မလေး ခြေထောက် ပြန်ကောင်းလာဖို့ပါ
အချိန်တိုင်းအနားမှာ နေပြီး ပြုစုပါ့မယ်လို့ တိုင်တည်ထားတဲ့ ချစ်ခြင်းဖွဲ့ သီချင်းလေးတစ်ပုဒ်ပါ....
ကျနော်ရဲ့ ပါရမီချို့တဲ့မှုကြောင့် မူရင်းကို မမီခဲ့ရင် ခွင့်လွှတ်ကြပါ သူငယ်ချင်းတို့.....
လေးစားစွာဖြင့်
သူစင်ကြယ်
Wednesday, September 16, 2009
ထာဝရ...
နယ်ကျွံမိတဲ့ အချစ်
သူငယ်ချင်းအဖြစ်ကို ငါမေ့သွား
ဒီလိုနဲ့ နင်ထွက်သွားသလား....
အဖြူရောင်က
တခါတလေကျတော့ ပူလောင်တယ်....
သမားရိုးကျ ခံစား
စကားတိုးလျ ချန်ထားပြီလားကွယ်....
နင်ပြောတော့ ထာဝရ
အဆင်မချောတော့ ပြာကျရပြီ....
လူတကာ လက်ညိုးထိုး
စူဇကာလို အချစ်မျိုးတဲ့လေ....
ဟားတိုက်လို့ ရယ်သံတွေထဲ
ကျားမိုက်သို့ ကျည်ဆံတွေဝဲပြီ....
ထာဝရ ခင်ခဲ့ပြီးမှ....ထာဝရ မုန်းသွားပေမယ့်
ထာဝရအရှုံးသမား ဆက်ချစ်နေဆဲ....
သူစင်ကြယ်
နယ်ကျွံမိတဲ့ အချစ်
သူငယ်ချင်းအဖြစ်ကို ငါမေ့သွား
ဒီလိုနဲ့ နင်ထွက်သွားသလား....
အဖြူရောင်က
တခါတလေကျတော့ ပူလောင်တယ်....
သမားရိုးကျ ခံစား
စကားတိုးလျ ချန်ထားပြီလားကွယ်....
နင်ပြောတော့ ထာဝရ
အဆင်မချောတော့ ပြာကျရပြီ....
လူတကာ လက်ညိုးထိုး
စူဇကာလို အချစ်မျိုးတဲ့လေ....
ဟားတိုက်လို့ ရယ်သံတွေထဲ
ကျားမိုက်သို့ ကျည်ဆံတွေဝဲပြီ....
ထာဝရ ခင်ခဲ့ပြီးမှ....ထာဝရ မုန်းသွားပေမယ့်
ထာဝရအရှုံးသမား ဆက်ချစ်နေဆဲ....
သူစင်ကြယ်
Thursday, September 3, 2009
ဝင်နီထိပ်က လရိပ်ပြာ
ဝင်နီထိပ်က လရိပ်ပြာ
ချစ်သူရယ်.....
မျှော်လင့်ခြင်းမီးအိမ်ကို ငြိမ်းသတ်မှာလား.....
ပန်းပွင့်လေးအတွက် သစ်ရွက်လေး ငိုနေဆဲ....
ရင်ခုန်သံနဲ့ဝေးရာမှာ မပွင့်ပါနဲ့လားကွယ်......
အလွှာခြားပေမယ့်...
ကမ္ဘာခြားနေတာမှ မဟုတ်တာ.....
နားနဲ့မရွေး ဖဝါးနဲ့ရွေးပြီး
နှလုံးသားမဲ့ ဝေးပြီလားကွယ်.....
တစ်ပွင့်ပန်းမို့ နမ်းချင်မိတယ်
အမြင့်မှန်းလို့ နွမ်းနေမိတယ်....ချစ်သူရယ်....
တစ်ခုပါပဲ
မင်းမွေးနေ့ကို password လုပ်ထားတဲ့ ငါ့ e mail account...
မဖွင့်ကြည့်နဲ့ကွယ်....
လူမသိ သူမသိ အလွမ်းတွေ ရှိတယ်.........။
သူငယ်ချင်းတစ်ယောက်အတွက်
ချစ်သူရယ်.....
မျှော်လင့်ခြင်းမီးအိမ်ကို ငြိမ်းသတ်မှာလား.....
ပန်းပွင့်လေးအတွက် သစ်ရွက်လေး ငိုနေဆဲ....
ရင်ခုန်သံနဲ့ဝေးရာမှာ မပွင့်ပါနဲ့လားကွယ်......
အလွှာခြားပေမယ့်...
ကမ္ဘာခြားနေတာမှ မဟုတ်တာ.....
နားနဲ့မရွေး ဖဝါးနဲ့ရွေးပြီး
နှလုံးသားမဲ့ ဝေးပြီလားကွယ်.....
တစ်ပွင့်ပန်းမို့ နမ်းချင်မိတယ်
အမြင့်မှန်းလို့ နွမ်းနေမိတယ်....ချစ်သူရယ်....
တစ်ခုပါပဲ
မင်းမွေးနေ့ကို password လုပ်ထားတဲ့ ငါ့ e mail account...
မဖွင့်ကြည့်နဲ့ကွယ်....
လူမသိ သူမသိ အလွမ်းတွေ ရှိတယ်.........။
သူငယ်ချင်းတစ်ယောက်အတွက်
Saturday, August 29, 2009
ကြေကွဲချိန်....သူစင်ကြယ်+မိုးဇက်
Find more videos like this on PYAY GTI
ကြေကွဲချိန်....
melody & words သူစင်ကြယ် . . .
music arrangement by မိုးဇက်
director myomin. . . .
ဇမ္ဗူ မဏ္ဍိုင် Studio
ရာသီအိုရဲ့ တိမ်တိုက်တို့
မှုန်ရီ ပြာဝေ ကြေကွဲနေ.....
ပြန်လိုချင်တယ် အရင်အတိတ်တို့
ပျော်ရွှင်စရာ အိမ်ငယ်လေးရယ်....
ယိမ်းထိုးကခုန်ဆဲ
အပြာရောင်ပိုက်ကွန်ထဲက
မြို့ပြညရယ်....
ဝိုးတဝါး အသိခက်ဆဲ
ယာယီ အတွေးအခေါ်များနဲ့
ငါ့ရဲ့ဘဝရယ်....
ကြိုးစားထားခဲ့သမျှ ဘယ်မလဲ
ငါမသိနိုင်တော့ဘူး....
ရူးသွပ်ခဲ့ အိပ်မက်တွေလဲ
ပြန်မရနိုင်တော့ဘူး....
စိတ္တဇည အခန်းငယ်ထဲ
ငါ လက်မှိုင်ချရင်းရူး.....
ရင်ခုန်သံကို ပြန်ဆန်းစစ်
ယုံကြည်တာတွေ ပျောက်ဆုံးနေ
ဟိုအရင်အချိန်က ကောင်မလေးရယ်
ဘယ်အချိန် ပြန်လာမှာလဲကွယ်.....
ရုန်းထွက်မရနိုင်ခဲ့
ကိုယ်စီထားခဲ့ဖူးတဲ့
လွဲမှားအချစ်တွေ....
အဆုံးသတ် သွားချင်ခဲ့
တုန်ရီ လှိုက်ဖို သွေးပျက်
တို့ရဲ့ ညရယ်....
အားမာန်သီချင်း . . .သူစင်ကြယ်+မိုးဇက်
Find more videos like this on PYAY GTI
အားမာန်သီချင်း
melody & words သူစင်ကြယ် . . .
music arrangement by မိုးဇက်
director myomin. . . .
ဇမ္ဗူ မဏ္ဍိုင် Studio
လမ်းသစ်ကိုဖောက်ရင်း
ဒါဟာ လူ့ဘဝ လှပတယ်
အဆုံးသတ်ကို ကြိုတွေး
ယုံကြည်ချက်နဲ့ ဆက်လျှောက်မယ်
လာပါ သူငယ်ချင်း
လေဟုန်ကိုခွင်း
တောင်ပံများနဲ့ ရွက်လွှင့်ခြင်း.......။
စိတ်ဓာတ်တွေ မယိုင်မလဲ
ဒီလို ဇွဲနဲ့ ရှေ့ဆက်မယ်
အကောင်းဆုံးကိုသာတွေး
ရင်ဆိုင်ရဲရင့် ရမယ်ဟေ့....
ဆာလောင်မှုပြင်း
ဒီအောင်မြင်ခြင်း
လူငယ်များရဲ့ အားမာန်သီချင်း......။
အရှုံးမပေးနဲ့...မပေးနဲ့ သူငယ်ချင်း
ဆုံးဖြတ်လို့....စိတ်ဓာတ်နဲ့ ရှေ့ဆက်တိုး....သွားမယ်......။
ကျောင်းအလွမ်း...ကျွမ်းရင်ကွဲ
ကျောင်းအလွမ်း
ကျွမ်းရင်ကွဲ
ခွဲခဲ့ပြီ....။
ရာသီမိုး
တိုးတိတ်တိတ်
ကြိတ်မှိတ်ငို....။
မျက်ရည်စို
အိုမြည်တမ်း
လွမ်းရက်ရှည်....။
ကြာပြီမို့
ချို့တဲ့ချစ်
ပြစ်ဖြစ်လား....။
စာစီလို့
ဆို့တဲ့ရင်
နင်သိလား....။
ကျွမ်းရင်ကွဲ
ခွဲခဲ့ပြီ....။
ရာသီမိုး
တိုးတိတ်တိတ်
ကြိတ်မှိတ်ငို....။
မျက်ရည်စို
အိုမြည်တမ်း
လွမ်းရက်ရှည်....။
ကြာပြီမို့
ချို့တဲ့ချစ်
ပြစ်ဖြစ်လား....။
စာစီလို့
ဆို့တဲ့ရင်
နင်သိလား....။
Subscribe to:
Posts (Atom)