အလွမ်း ၂၂ နာရီ
အိပ်မရဘူး...
အပြင်မှာ မိုးတွေ သည်းနေ...
ဘယ်ဆီမှာမှန်း မသိလို့
ရော်ရမ်း လွမ်းရတဲ့ ဘဝ...။
အတိတ်ကို သလိပ်လို ထွေးပစ်လိုက်လို့....
နင်ငါ့ကို အမြဲ စခဲ့တာ....
ပြန်တွေးရင် ငိုချင်တယ်....။
အိုမင်းရင့်ရော်လာပေမယ့်...
ငါ့ အလွမ်းတွေ မအိုသေးဘူး....ပန်းကလေးရယ်....။
တကယ်လို့များ...
မင်း ကြားနိုင်ရင်
ငါ့ ဓါတ်ပုံကို တစ်ချက်တော့ ကြည့်လိုက်ပါ....
သေမင်းကို ထီမထင်တဲ့ ငါ့အပြုံး
မင်း အချစ်ဆုံးပဲဆို.....။
ကျန်တဲ့ ၂ နာရီမှာ ဘာလုပ်နေသလဲ... ၂၄ နာရီလွမ်းသင့်ပါသည်။
ReplyDelete