Tuesday, May 26, 2009

ပန်းတစ်ပွင့်သို့

ပန်းတစ်ပွင့်သို့.....

ပန်းတို့ရဲ့ နာမတော်၌ ချစ်သူကို ဆုံဆည်းခဲ့ပြီ....
ငါ၏ မွတ်သိပ်မှု လမင်း
တစ်စုံတရာရဲ့ လှပခြင်း မိုးသားကောင်းကင်
ကြယ်စင်သတို့သမီး....
မှန်သောသစ္စာကို ငါဆိုအံ့
ကောင်းကင်တော်တွင် ပျော်ရွှင်နိုင်လျက်
မြေကြီးကို သင် ခုန်ဆင်း ချစ်ခြင်းကို ပေးသနား
ငါ့အား နူးညံ့စေသူ....
ငိုကြွေးခြင်းတို့ ရပ်တန့်၍
ပန်းများကို ပွင့်လန်းစေသူ....
အညတရ ရင်ခွင်၌
သံသယကင်းစွာ ထာဝရ အိပ်စက်ချင်သူ....
နန်းတော်တမျှ မခမ်းနားသော်လဲ
သူဖုန်းစား၏ အိပ်ရာသည်လဲ
နတ်သမီး အိပ်မက်ကို မက်စေလိမ့်မည်.....
စစ်သည်တော် တစ်သိန်းနဲ့ မညီမျှသော်လဲ
နေလောင် လက်ရုံး တစ်စုံက
သင့်အား လုံခြုံစွာ ပျော်မြူး ပျံသန်းစေလိမ့်မည်....
အဆုံးမဲ့ ချစ်ခြင်းကို ငါ ပိုင်၏
အနှိုင်းမဲ့ သစ္စာတော် သီချင်းကို ငါ ဟစ်ကြွေး၏
အတိုင်းအဆမဲ့ မြတ်နိုးခြင်းတို့သည် ဒီရင်၌ ပွင့်ဖူး၏
ထာဝရ တစ်သက်တာ
ငါ၏ အညတရ ဖန်ခွက်၌
(သင့်ကိုသင်)
ဖြူစင်စွာ လောင်းထည့်တော်မူပါလော့......။

သူစင်ကြယ်
၂၇.၀၄.၀၉
ည ၉း၅၄

No comments:

Post a Comment