Tuesday, May 26, 2009

ဖန်ဆင်းခဲ့သော အပြစ်တစ်ခုအတွက်

ဖန်ဆင်းခဲ့သော အပြစ်တစ်ခုအတွက်

ငါက ပါးကွက်ကြားမလေးတွေရဲ့
အလိုမကျ မျက်စောင်းနဲ့
ဥသြငှက်တစ်ကောင်ပါ
နွေဦးကို လိုက်ရှာနေခဲ့တယ်....။

ငါက မျော်လင့်ခြင်းမီးအိမ်မှာ
သိမ်ငယ်ခြင်း ကြက်ခြေနဲ့ကောင်ပါ
မုန်တိုင်းမစဲခင်ထိ လင်းလက်ခဲ့တယ်.....။

ငါက အဖြူရောင်စည်းကို
(နင့်လိုပဲ) တန်ဖိုးထားခဲ့သူပါ
ကောင်းကင်ကို မော်မကြည့်ရဲခဲ့ဘူး....။

အားလုံးဟာ
အပြစ်တစ်ခု အတွက်ပါ.......

အိပ်မက်များစွာ ရွက်လွင့် လှပ
ဆန္ဒများစွာ ထက်မြက် စူးရှ......။

ငါမွှေးတဲ့ မီးကို
ငါ ပြန်မသတ်နိုင်ခဲ့ဘူး.....။

ခွင့်လွတ်ပါ.....
ငါ ဖန်ဆင်းခဲ့တဲ့ အပြစ်တစ်ခုအတွက်

သူစင်ကြယ်

No comments:

Post a Comment