Tuesday, May 26, 2009

ကျနော် မကောင်းဘူး

ကျနော် မကောင်းဘူး

အဆင်းမဖြူပေမယ့် အပျင်းထူတဲ့ ကျနော်....
ပေါက်တတ်ကရတွေ လျောက်ပြောတတ်တော့ သူငယ်ချင်းတွေ အမြင်ကတ်ကြတယ်....။
ဒေါသကသိပ်ကြီး ချစ်ဇနီးကလဲ စိတ်ကုန်...။
အလုပ်ကြ မကြိုးစား အပေါ်ယံတွေနဲ့ ဗျာများ...မအားလပ်တဲ့ ကျနော်....။
ဂွကျကျ အတွေးအခေါ်တွေနဲ့ ဘဝကို စိန်ခေါ်.....။
မဖြစ်နိုင်တာတွေ မျော်လင့်..ရူးသွပ်....လက်တွေ့မကျတဲ့ ကျနော်....။
မဟုတ်တဲ့ နေရာမှာ သိပ်တော်...မိသားစုအတွက်တော့ စုန်းပြူး......။
စိတ်က ပုံမှန်မဟုတ်...ဖြူလိုက်...မည်းလိုက်...သဝေထိုး...ဝလုံးဝိုက်....။
ကောင်းကင်မဟုတ်...မြေကြီးမဟုတ် သတ္တဝါ.....
ကြာလာတော့ ကိုယ့်ကိုကိုယ် စိတ်ပျက်...မုန်းတီး...ရွံရှာ.....
ဘုန်းကြီးသာ ဝတ်ချင်တော့တယ်....။

(ကိုယ့်ကိုကိုယ် ဝေဖန်ခြင်း-၂)

1 comment: