Tuesday, May 26, 2009

ဆန္ဒ

ဆန္ဒ

ချစ်သူပါးပြင် မို့လွင်လွင်ထက်
ပါးကွက်ကြားလေး ဖြစ်ချင်တယ်.....။

ကေသာနက်မှောင် ပိတုန်းရောင်က
ငွေရောင်ဆံညှပ်လေး ဖြစ်ချင်တယ်.....။

ချစ်သူ့နှလုံး ပုခုံးနုထက်
တွဲလျက်ဆွဲခို
လွယ်အိတ်ညိုလေး ဖြစ်ချင်တယ်....။

နှင်းဆီရောင်သွေး နှုတ်ခမ်းလေးကို
ထွေးပွေ့တို့နမ်း
လေသရမ်းလေး ဖြစ်ချင်တယ်.....။

No comments:

Post a Comment