Tuesday, May 26, 2009

သူငယ်ချင်း

ကြိုးတံတားလေး တစ်ခု
ရင်ဖွင့်စရာ ရှိတဲ့အခါ
ငါရှိရာ မင်းလာ
မင်းရှိရာ ငါလာမယ်......

အဖြူရောင် တံတိုင်းရဲ့ တစ်ဖက်စီ
လူချင်းဝေးပေမယ့်
ရင်ဘတ်ချင်း နီးနေတယ်......

ငွေကြေး အာဏာ
အသားရောင်တွေမပါ....

ရှုံးနိမ့်တဲအခါ လဲကျတဲ့အခါ
ကြင်နာစွာ ပွေ့ချီ
မင်းမျက်ရည်ဟာ ငါ့မျက်ရည်.....

အောင်မြင်တဲ့အခါ ဝင့်ကြွားတဲ့အခါ
ငါတို့လက်တွေ လေထဲမှာ.....

မုန်တိုင်း နဲ့ လေပြေ
သစ်ရွက်ကြွေ နဲ့ ငွေလမင်း
အိုမင်းခြင်း နဲ့ နုနယ်ခြင်း
ကြယ်စင်များရဲ့ သီချင်း
သူငယ်ချင်း..........

သူစင်ကြယ်
11.04.09
3 AM
(ဝေးသော...နီးသော...သူငယ်ချင်းများ အတွက်...)


No comments:

Post a Comment